October 18, 2024

ဓာတ်ပုံ - အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း၊ လင်းလက် လူမှုကူညီရေးအသင်း

၁၃. ၇. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်၊ ဧရာ၀ဏ်လမ်းမကြီး၊ မြေနီမှတ်တိုင်မှာ အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

အဆိုပါအမျိုးသားသေဆုံးပုံကို မျက်မြင်တွေ့ရှိတဲ့ သူတွေရဲ့ ပြောပြပုံအရ ရေသောက်နေချိန် ရုတ်တရက်လဲကျတာလို့ ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_12-58-18-2.jpg

‘’သူက ဒီအနားတဝိုက်ကားမှတ်တိုင်မှာ မကြာခဏတွေ့ရတယ်။ အိပ်နေတာမျိုး ၊ လှဲနေတာမျိုး မြင်နေကြပါ။ ဒီမနက်လည်း ဟိုဘက်ကားလမ်းကနေ ဒီဘက်ကိုကူးလာပြီး ရေအိုးစဉ်မှာသောက်နေရင်းလဲကျသွားတာ။ အသက်ပါ ပါသွားတာပဲ “ လို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက MT News ကို ပြောပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေကတော့ ပိုင်ရှင်မဲ့အလောင်းအဖြစ်သတ်မှတ်ပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီနေ့မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်ကလည်း ရန်ကုန်မြို့၊ အနော်ရထာလမ်းမပေါ်က ပွင့်ဦး ပရိဘောဂဆိုင်အနီးမှာ အိမ်ခြေမဲ့အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အဆိုပါအမျိုးသားကို လင်းလက်လူမှုကူညီရေးအသင်းက နိဗ္ဗာန်ယာဉ်နဲ့ ရန်ကုန်ဆေးကုန်ကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးက PR -052 နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း၊ လင်းလက် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *