October 18, 2024

၁၃. ၇. ၂၀၂၃
Written By Thandar

စာရေးဆရာ ချစ်ဦးညိုနဲ့ သားဖြစ်သူ လင်္ကာညိုတို့က သရုပ်ဆောင်ကို ဝါသနာပါတဲ့ မိတ်ဆွေတွေနဲ့ ညီငယ်၊ နှမငယ်တို့အတွက် “ညိုဥယျာဥ်” သရုပ်ဆောင်အခြေခံသင်တန်း ဖွင့်လှစ်သွားမယ်လို့ MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_11-57-45-1024x597.jpg

“ညိုဥယျာဥ်လို့ နာမည်ပေးတာက ဖေဖေပေးတာပါ။ တစ်ချိန်တော့ သရုပ်ဆောင်သင်တန်း ဖွင့်မယ်လို့ ရည်ရွယ်ချက်မျိုးလည်း မရှိခဲ့ဘူး။ တချို့ကလေးတွေကို သင်ပေးခဲ့တာပဲရှိခဲ့တယ်။ သင်တန်းဖွင့်ဖို့ တိုက်တွန်းကြ တယ်။ ကျွန်တော်နဲ့သင်ရတာ အဆင်ပြေတယ်လို့လည်း ပြန်ကြားရတယ်။ ကျွန်တော်တို့ သဘင်နဲ့ပတ်သက်တဲ့ အရှိန်အဝါတွေရှိတော့ ဒါတွေကိုလည်း Sharing လုပ်လို့ရတယ်။ လက်ရှိ ပညာရှင်တွေလည်း ချိတ်ဆက်ထားတယ်။ ရုပ်ရှင်လောက ထုတ်ခဲ့တဲ့ စာအုပ်တွေပဲ ကိုးကားပြီး သင်မှာပါ။ တစ်ခုက ရိုက်ကွင်းပေါ်မှာ တွေ့ရမယ့် သရုပ်ဆောင်ခြင်းက ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ သူတို့ကို နဖူးတွေ့ ဒူးတွေ့ သင်ပေးလို့ရပါတယ်”လို့ ဇာတ်ညွှန်းရေးဆရာ သရုပ်ဆောင် လင်္ကာညိုက MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_11-57-32-705x1024.jpg

ဖခင်ကြီး အသက် ၉၅ နှစ်ရှိတဲ့ သဘင်ပညာရှင်ကြီး ရွှေဒေါင်းညို ၊ စာရေးဆရာကြီး ချစ်ဦးညိုအပြင် သားဖြစ်သူ လင်္ကာညို ဖြစ်တဲ့အတွက် ညိုဆိုတဲ့ စကားလုံးယူပြီး နာမည်ပေးလိုက်တာလို့လည်း သိရပါတယ်။ ဥယျာဉ်ကတော့ ပွင့်သစ်၊ ရွက်သစ်လေးတွေကို ဝေဆာစွာ ဖူးပွင့်စေဖို့ ပျိုးထောင်ပေးတဲ့ သဘောပါလို့ဆိုပါတယ်။

အဆိုပါသင်တန်းမှာ စာရေးဆရာချစ်ဦးညို၊ ဆရာမ ဒေါင်းမလေး ၊ သရုပ်ဆောင်လင်္ကာညို ၊ ဒါရိုက်တာ ဗေဒါ ၊ ဝါရင့်သရုပ်ဆောင်ထူးသာ စတဲ့အနုပညာရှင်၊ အတတ်ပညာရှင်တွေက ရုပ်ရှင်သရုပ်ဆောင်ခြင်းနဲ့ ပြဇာတ်ဆိုတဲ့ အကြောင်းတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။ အဆိုပါ သင်တန်းအပတ်စဉ် ၁ ကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး တစ်လတာသင်တန်းကို ကျပ် ၃ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_11-57-38-1024x768.jpg

“သရုပ်ဆောင်ခြင်းရဲ့ သဘောသဘာဝရယ် သရုပ်ဆောင်ခြင်းရဲ့ နက်နဲတဲ့ ပညာရပ်တွေကို သင်ရမယ်။ သရုပ်ဆောင်တယ်ဆိုတာ အစစ်ကို အတုလုပ်ပြီးတော့ အစစ်ဖြစ်အောင်လုပ်ရတာ။ ခံစားချက်တွေ ယူပြီး သရုပ်ဆောင်ရတာပါ။ မရှိတာကို အရှိလုပ်ပြီး ရှိတာနဲ့ပြန်ရော လုပ်ရတယ်။ သင်တန်းသားဦးရေကို ၁၅ ဦးသတ်မှတ်ထားပေမဲ့ အသက်အရွယ်တော့ ကန့်သတ်မထားပါဘူး”လို့သူကဆက်ပြောပါတယ်။

ဒီသင်တန်းကို ကိုယ်တိုင်လျှောက်လွှာရေးသားပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် (၄၄)လမ်း၊ ကမ်းနား ဘလောက် အမှတ်(၅၄) ပထမထပ်(ယာ) ကို လာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *