၁၂.၇.၂၀၂၃
Translated by Htwe Ko Tun
မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် မန္တလေးမြို့များနှင့် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှ နိုဗိုဆီဘရစ်ခ်မြို့တို့အကြား Myanmar Airlines International(MAI) က လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို စက်တင်ဘာလ ၆ ရက်မှစ၍ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်ခရီးစဉ်များကို မြန်မာနိုင်ငံမှ နိုဗိုဆီဘရစ်ခ်မြို့ Tolmachevo လေဆိပ်တို့အကြား တစ်ပတ်လျှင် နှစ်ကြိမ်၊ ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်ဖြစ်ရာ နိုဗိုဆီဘရစ်ခ်မြို့သို့ မြန်မာနိုင်ငံမှ လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာလိုသူများ လေယာဉ်လက်မှတ်များကြိုတင် ဝယ်ယူနိုင်ကြပြီဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အင်္ဂါနှင့်စနေနေ့များတွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ အောက်တိုဘာလအကုန်ခန့်တွင် စတင်မည့် ဆောင်းရာသီကာလတွင်မူ အပတ်စဉ် တနင်္ဂနွေနေ့များ၌သာ ရုရှားမှ မြန်မာနိုင်ငံသို့ ပျံသန်းမှုများရှိမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံအစိုးရ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ပစီးပွားရေးဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ရုရှားနိုင်ငံ မော်စကိုမြို့နှင့် နိုဗိုဆီဘရစ်ခ်မြို့သို့ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဇူလိုင်လမှစ၍ ပျံသန်းမည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်အထိမူ လေယာဉ်ခရီးစဉ်ကြိုတင်လက်မှတ်များ ဝယ်ယူသူမရှိသေးဟုလည်း ဆိုသည်။
သို့သော် လေလာသူအချို့ကမူ လက်ရှိအချိန်တွင် နိုဗိုဆီဘရစ်ခ်မြို့သို့ ပျံသန်းမှုခရီးစဉ်များက ပို၍ တိုးတက်မှုရနိုင်ကြောင်း၊ မော်စကိုမြို့အထိပျံသန်းရန်က မဝေးလှသော အနာဂတ်ကာလအတွင်း ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း ပြောခဲ့ကြသည်။ ထို့ပြင် လေယာဉ်လက်မှတ်နှုန်းထားများက အဆိုပါလေယာဉ်ခရီးစဉ်များ၏ အောင်မြင်မှုအပေါ်သက်ရောက်မှုရှိမည်ဟုလည်း သုံးသပ်ကြသည်။ ရုရှားနိုင်ငံသားခရီးသည်အများစုက မြန်မာနိုင်ငံအား ၎င်းတို့ တတိယနိုင်ငံများသို့ သွားရာတွင် ခရီးစဉ်အကူးအပြောင်း အချက်အချာနေရာတစ်ခုအဖြစ် သဘောထားကြရာ လေယာဉ်လက်မှတ်နှုန်းထားများက ထိုလေ ကြောင်း ခရီးစဉ်များအောင်မြင်စေရေး အဓိကကျသည်ဟုလည်း ဆိုကြသည်။
Ref— TOURDOM.RU