October 18, 2024

◾️ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာမီကပင် တွေ့ဆုံခဲ့ရကြောင်း အာဆီယံသို့ ပြောကြား

၁၂.၇.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ၎င်းက မကြာမီကပင် မြန်မာနိုင်ငံ၌ ရာထူးမှပြုတ်ကျသွားသော NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာမှုရှိကြောင်း ဇူလိုင်လ ၁၁ ရက်တွင် အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောခဲ့သည်။

ဒွန်၏ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ခြင်းက သူမအနေဖြင့် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အာဏာကို ခေတ္တထိန်းသိမ်းထားခဲ့ပြီးနောက် ပထမဆုံးပြည်ပမှ အဆင့်မြင့်နိုင်ငံခြားရေးခေါင်းဆောင်တစ်ဦးကို တွေ့ဆုံခွင့်ရခြင်းလည်း ဖြစ်သည်။

၎င်းတို့နှစ်ဦးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် ပြည်ပရောက်အစိုးရအမည်ခံ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အမည်ခံ လက်နက်ကိုင်များကို ၎င်းအနေဖြင့် အသိအမှတ်လည်းမပြု၊ ထောက်လည်းမထောက်ခံကြောင်း ပြောခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။ PDF တို့အား မြန်မာအစိုးရကလည်း အကြမ်း ဖက်ဝါဒကျင့်သုံး၍ အပြစ်မဲ့ပြည်သူများကိုသတ်နေကြောင်းနှင့် အနောက်နိုင်ငံများက ကူညီထောက်ပံ့နေကြောင်း စွပ်စွဲခဲ့သည်။

ဒွန်က အောင်ဆန်းစုကြည်နှင့် ၎င်းတွေ့ဆုံဆွေးနွေးရမှုကို ဂျာကာတာမြို့၌ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့မှုက နှစ်နာရီခန့်ကြာမြင့်ကြောင်းလည်း သတင်းအရင်းအမြစ်များက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဒွန်က နေပြည်တော်နယ်မြေရှိ ဖမ်းဆီးထားရာနေရာတစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဟုလည်း သိရသည်။

ထိုင်းနိုင်ငံမှာ မြန်မာနစကအစိုးရနှင့် အနီးကပ်စစ်ဘက်ဆက်ဆံရေးများလည်းရှိပြီး ဇွန်လအတွင်းကပင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်ကို အာဆီယံမူပေါင်အပြင်ဘက်မှနေ၍ ဘန်ကောက်‌မြို့တွင် လက်ခံကျင်းပခဲ့ရာ မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား ဖိတ်ကြားခဲ့သလို တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

Ref- Kyodo News, Panorientnews

Leave a Reply

Your email address will not be published. Required fields are marked *