October 18, 2024

၁၂. ၇. ၂၀၂၃
Written by Min Mahar

ယင်းမာပင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များကို ယမန်နေ့မွန်းလွဲပိုင်းက PDF အဖွဲ့မှ Drone တစ်စီးဖြင့် Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်နေ့)မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်၌ရှိသော စာသင်ကျောင်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များအား PDF အဖွဲ့မှ Drone တစ်စီးဖြင့် Drop Bomb နှစ်လုံးပစ်ချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၏ မြောက်ဘက်ခြံစည်းရိုးအနီးသို့ကျရောက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း ၎င်း Drone အား ပြန်လည်ပစ်ခတ်ပစ်ခတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *