October 18, 2024

၁၂.၇.၂၀၂၃
Written By Thandar

MRTV-4 ရုပ်သံလိုင်းတွေက ဗန့်ကာရိုက်တာနဲ့ များစွာသရုပ်ဆာင်ပေမယ့် ပရိသတ်အမြင်မကျယ်သေးတဲ့ကာလမို့ Messenger ကနေ လာဆဲကြတယ် နင်လမ်းသွားရင် ကြည့်သွားနော် လုပ်ပစ်မှာဆိုပြီး ပြောတဲ့သူတွေ ရှိတယ်လို့ သရုပ် ဆောင် ဖြိုးသံသာချိုက MT News ကို ရင်ဖွင့်လာပါတယ်။

“ညီမကို ကမ်းလှမ်းတဲ့ ဇာတ်တွေက ဗန့်ကာရိုက်တာတွေများတယ်။ ဗန့်တော့ မလုပ်တော့ဘူးဆိုပြီး ရပ်လိုက်သလိုဖြစ်သွားတယ်။ ခုချိန်မှသာ ဗန့်ကာရိုက်တာကို ပရိသတ်ကအားပေးကြတာလေ။ ညီမတို့ခေတ်မှာ ဗန့်တွေကို အားပေးတဲ့သူမရှိဘူး။ ဗန့်ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့ချိန်က Messenger ကနေလာဆဲကြတယ်။ နင်လမ်းသွားရင် ကြည့်သွားနော် လုပ်ပစ်မှာဆိုပြီး ပြောတဲ့သူတွေရှိတယ်။ ကိုယ်ဗန့် စလုပ်ချိန်မှာ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်မှာ သဏ္ဌာန်လုပ်သရုပ်တူအောင် လုပ်ရတာပေါ့။ ခံစားရတယ်။ ခုနောက်ပိုင်း ဗန့်ကာရိုက်တာကို အားပေးလာတာကို ဝမ်းသာတယ်”လို့ သရုပ်ဆောင် ဖြိုးသံသာချိုက MT News ကို ပြောပါတယ်။

သူမကတော့ ၃ နှစ်ကျော်လောက် အနုပညာအလုပ်တွေ ရပ်နားထားပြီး ပြန်လည်ရိုက်ကူးရေးလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဖြိုးသံသာချိုကတော့ မိုးကောင်းကင် အိပ်မက်၊ ရတနာထဲက ရတနာ၊ ဂျီဟောသူ စတဲ့ ဇာတ်လမ်းတွဲများစွာ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ MRTV – 4 ရုပ်သံလိုင်းက လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “အဖြူရောင် သက္ကရာဇ်” ဇာတ်လမ်းတွဲမှာ ကျောင်းဆရာမနေရာက ပါဝင်သရုပ်ဆောင်နေလျှက်ရှိပါတယ်။

“ညီမ ရိုက်ကူးရေးတွေ နားလိုက်တယ်။ ဒီကြားထဲမှာ ကာရန်လွဲမေတ္တာ ဇာတ်လမ်းတွဲမှာလည်း ဗန့်ကာရိုက်တာ ရိုက်ဖို့ပြန်ခေါ်တယ်။ မရိုက်ဖြစ်ခဲ့ဘူး။ ဇာတ်ကားတော်တော်များများ ကမ်းလှမ်းခံရပေမယ့် ညီမ ငြင်းခဲ့တယ်။ ကိုဗစ်တတိယလှိုင်းမှာ လူတွေအများကြီး ဆုံးရှုံးရတာတွေ့ပြီး ကြောက်သွားခဲ့တယ်။ အမေတစ်ယောက်တည်းရှိတာမို့လေ။ အသက်အရွယ်တစ်ခုရလာတော့ မိသားစုကို အချိန်ပေးဖြစ်တော့ ဇာတ်ကားရိုက်ကူးမှုနဲ့ အလှမ်းဝေးသလို ဖြစ်သွားတယ်။ ခုနောက်ပိုင်း အိမ်ထောင်ဇာတ်ကို ကြည့်ချိန်မှာ ဗီလိန်လုပ်သူကို အားပေးလာကြတယ် ဒီအတွက် ဝမ်းသာပါတယ်။ ညီမလည်း ဗန့်ကာရိုက်တာ တစ်ခုထပ်ရိုက်ဖို့ရှိပါသေးတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *