October 18, 2024

၁၂. ၇. ၂၀၂၃
Written by Naing Thuta

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဒေါ်လုံးမုန့်တီဆိုင်နေအိမ်တွင် မီးသွေးမီးဖိုအနီး မီးစက်ထဲသို့ ဓာတ်ဆီထည့်ရာမှ စတင်မီးလောင်ကျွမ်းမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၂ ရက်နေ့)နံနက် ၆ နာရီ ၅ မိနစ်ခန့်က မန္တလေးတိုင်းဒသေကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ၂၉ လမ်းပေါ်ရှိ အသက် ၂၉ နှစ်အရွယ်အမျိုးသားပိုင်ဆိုင်သော ဒေါ်လုံးမုန့်တီဆိုင်နေအိမ်၏ အိမ်နောက်ဖေးတွင် မီးသွေးမီးဖိုဖြင့် ဟင်းရည်အိုးတည်ထားပြီး မီးဖိုဘေးရှိမီးစက်ထဲသို့ ဓာတ်ဆီထည့်ရာမှ အပူဟပ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းရာသို့ တိုင်းမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ Level 1 အဆင့်ဖြင့် မီးဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၆ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၂၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ၁၄×၃၀ ပေရှိ ၂ ထပ်ပျဥ်ထောင်အိမ် ၁ လုံး၊ တန်ဖိုး ၁၂ သိန်းကျပ်၊ နေအိမ်အတွင်းရှိ ပစ္စည်းများ၊ တန်ဖိုး ၈ သိန်းကျပ်၊ အနောက်ဘက်ဘေးကပ်လျက်ရှိ ဒေါ်တင့်၏ RC သုံးထပ်ခွဲတိုက် ပထမထပ်၊ ဒုတိယထပ်တို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဲယားကွန်းနှင့်အတွင်းပစ္စည်းများ၊ တန်ဘိုး ၅ သိန်းကျပ်၊ စုစုပေါင်းကာလတန်ဖိုး ၂၅ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *