MT News
Written by Min Mahar
မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား PDF ငါးဦးက သေ နတ်ဖြင့် ယနေ့ညနေပိုင်းက ပစ်သ-တ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ (ဇူလိုင်လ ၁၁ ရက်နေ့)ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေထိုင်သော သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဆရာတော် ဦးပညာသာမိ(ကျောင်းထိုင်)သည် ကျောင်းအတွင်းရှိနေစဉ် PDF ၅ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် ကျေးရွာမြောက်ဘက်မှရောက်ရှိလာပြီး ကျောင်းအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ပြီး ကျေးရွာ၏တောင်ဘက်သို့ ပြန်လည်မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ဆရာတော်ဦးပညာသာမိတွင် မျက်စိမှ ဝဲဘက်နောက်စေ့ကို ဖောက်ဝင်ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် ပျံလွန်တော်မူသွားသဖြင့် ရုပ်ကလာပ်တော်အား ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာကျောင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်စဉ်နေရာအနီးမှလည်း M-22 ကျည်ခွံ ၁ ခုကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။