October 18, 2024

ဓာတ်ပုံ- သန္တိသုခလူမှုကူညီရေးအသင်း

၁၁.၇.၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ရေငယ်ရပ်၊ ခရေလမ်းမှာ မွေးကင်းစကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်ထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြင်ဦးလွင်အခြေစိုက် သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းကို အကြောင်းကြားလာတာကြောင့် သွားရောက်ကူညီပေးခဲ့တယ်လို့ အဆိုပါအသင်းက MT News ကို ပြောပါတယ်။

စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး ကလေးကို တွေ့ရှိချိန်ဟာ ညသန်းခေါင်ယံဖြစ်နေလို့ အနီးအနား ပတ်ဝန်းကျင်က ကလေးကို တွေ့ရှိစောင့်ရှောက်ထားသူတွေက ပြောပြတာကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းက တာဝန်ရှိသူက အခုလို ပြန်လည်ပြောပြပါတယ်။

“ကလေးက ကျန်းမာရေးလည်းကောင်းတယ်။ ဖြူဖြူဝဝလေးပါ။ သူ့ကို စတွေ့တာက လမ်းထောင့်ကအိမ်က ကလေးငိုသံကြားလို့ ထွက်ကြည့်ရင်းက လမ်းဘေးအမှောင်ထဲမှာ အနှီးဖြူဖြူလေးကို အရင်တွေ့တာလို့ ပြောတယ်။ သွားကြည့်တော့ ကလေးဖြစ်နေတာ။ ညဉ့်လဲနက်နေတော့ မနက်အရုဏ်တက်မှ ကျွန်မတို့အသင်းကိုအကြောင်းကြားလို့ သွားရောက်ခေါ်ယူပြီး ပြင်ဦးလွင် ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်”လို့ အဆိုပါအသင်းတာဝန်ရှိသူက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *