October 18, 2024

၁၁. ၇. ၂၀၂၃
Written by Min Mahar

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် မော်တော်ယာဉ်များစစ်ဆေးမှုပြုလုပ်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနီး လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇူလိူင် ၁၁ ရက်နေ့) မနက် ၈ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ စစ်ကိုင်း-မန္တလေးလမ်းမနှင့် ကန်တော်ကြီးပတ်လမ်းဆုံ (RTC)တွင် ပူပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအား စစ်ဆေးမှုပြုလုပ်နေစဉ် ၎င်းအဖွဲ့၏ မြောက်ဘက်(၁) ဖာလုံခန့်အကွာတွင်(၈၅ မလမ်းပေါ် ရှိ ကြာဇံစက်ရုံဟောင်းအနီး)လမ်းဘေးမြေကြီးအတွင်းမြုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းတစ်စုံတစ်ရာထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်နေရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်လက်မခန့်ရှိ သံတိုသံစအနည်းငယ်အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး လက်လုပ်မိုင်းဖောက်ခွဲခဲ့သူများအား အမှတ်(၁၀) မြို့မရဲစခန်းတွင်အမှုဖွင့်ထားကာ ပြန်လည်ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျှက်ရှိကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *