October 18, 2024

၁၁.၇.၂၀၂၃
Written By Thandar

သရုပ်ဆောင်ဒါရိုက်တာအနေနဲ့ လုပ်ဆောင်နေတဲ့ မင်းဆက်သစ်ကတော့ နှိုင်းယှဥ်မြင့်မိုရ်ရဲ့ “ကျွန်မဇာတ်ပို့မ Documen-tary” ရိုက်ကူးပုံဖော်ခဲ့တဲ့အတွက် ဒီနေရာမှာ ဘယ်မင်းသမီးက ဆံပင်ဆွဲလဲဆိုတာ သိပေမယ့် နာမည်တွေကို အပြင်ကို ထုတ်မပြောဖို့ အစထဲက ကတိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်မ ဇာတ်ပို့မ Documentary ဆိုရင်လည်း အများကြီး စဥ်းစားရတယ်။ ခုချိန်မှာ ပြန်ရမယ့် Feedback မျိုးတွေလည်း မျှော်လင့်ထားတာရှိသလို မမျှော်လင့်ဘဲ ရခဲ့တဲ့ ရလာတာတွေလည်း ရှိပါတယ်။ မနှိုင်းယှဉ် Project ကိုလည်း Risk ယူပြီးလုပ်ခဲ့ရတယ်။ အဓိက ဖြစ်ပျက်တဲ့အကြောင်းအရာတွေဆိုတာက တကယ်ဖြစ်ခဲ့တာတွေပေါ့။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုမျိုးကြုံခဲ့ရတယ်။ အနုပညာလောကသားအချင်းချင်းပဲ ရှုတင်မှာ ကြုံတွေ့ရ သိရတာပါ။ ရိုက်ပြလို့ မကောင်းတာတွေလည်းရှိတော့ ဇာတ်ညွှန်းရေးထဲက ရှောင်ခဲ့ရတာတွေလည်း ရှိတယ်။ ဒီနေရာမှာ ဘယ်သူက ဆံပင်ဆွဲလဲဆိုတာ သိပေမဲ့ နာမည်တွေကို အပြင်ကို ထုတ်မပြောဖြစ်တော့ဘူး။ နာမည်တွေကို ထုတ်မပြောနဲ့ဆိုပြီး အစထဲကတိပေးခဲ့ကြတယ်”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။

သူကတော့ Documentary နဲ့ ပတ်သက်ရင် အဆိုတော် အိုင်းရင်းဇင်မာမြင့်နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေတို့ကိုလည်း ရိုက်ပေးခဲ့ဖူးတဲ့အတွက် ပရိသတ်သိသင့်တဲ့ ဘဝဇာတ်ကြောင်းတွေကို ရိုက်ကူးပေးဖြစ်တာလည်း ဖြစ်ပါတယ်။ ကျွန်မ ဇာတ်ပို့မ Documentary မှာ နှိုင်းယှဥ်မြင့်မိုရ်ရဲ့အနုပညာလမ်းတစ်လျှောက် အခက်အခဲတွေနဲ့ မိဘနှစ်ပါးကို ပြုစုစောက်ရှောင့်ခဲ့တဲ့အကြောင်းတွေကို ရိုက်ကူးတင်ဆက်ထားတယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေက ဆံပင်ဆွဲဖြုတ်တာကို သို့လောသို့လော ထင်ကြေးပေးကြတာပေါ့။ ကျွန်တော်တို့က ဟုတ်တယ် ပြောလို့မရသလို မဟုတ်ဘူးလို့လည်း ငြင်းလို့မရပြန်ဘူး။ အဓိကတော့ ဘယ်မင်းသမီးလုပ်တယ်ဆိုတာ ထက်စာရင် ဒီလိုအဖြစ် အပျက်တွေရှိတယ်။ ဘဝမှာ အဆုံးစွန်အထိပြိုလဲသွားရင်လည်း အားမလျှော့နဲ့။ နောက်ဆုံးနေ့ရက်တွေ မဟုတ်ဘူးဆိုတာ အဓိကပြချင်လို့ပါ။ ပိုကောင်းတဲ့အနာဂတ်တွေ ရနိုင်တာကိုလည်း Message ပေးချင်တာပါ။ ဇာတ်နာအောင်ရိုက်တာ မဟုတ်ဘဲ စကားနဲ့အကြောင်းအရာတွေက တူတယ်။ တချို့က ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးဖန်တီးရတာတွေရှိတယ်”လို့ သူကဆက်ပြောပါတယ်။

မင်းဆက်သစ်အနေနဲ့ နိုင်ငံကျော် မင်းသမီးတစ်ယောက်ကလည်း သူ့ရဲ့ဘဝအကြောင်း Documentary ရိုက်ဖို့ပြောတာ ရှိတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *