၁၀. ၇. ၂၀၂၃
Translated by Htwe Ko Tun
အာဖရိကတိုက်မှ ရွှေ့ပြောင်းနေထိုင်သူ လူ ၃၀၀ ကျော်ပါ စက်လှေ ၃ စီး စပိန်ပိုင် ကာနာရီကျွန်းများအနီးတွင် ပျောက်ဆုံးနေသည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြနေကြသည်။
စပိန်ကယ်ဆယ်ရေးသမားများက အာဖရိကတိုက်မြောက်ပိုင်းရှိ စပိန်ပိုင် ကာနာရီကျွန်းများ(Canary Islands) ၏ ကမ်းရိုးတန်းရေပြင်တွင် အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ ခန့် အနည်းဆုံး လိုက်ပါလာသော လွန်ခဲ့သည့်တစ်ပတ်ခန်ံ့ကပင် ပျောက်ဆုံးသွားသည့် စက်လှေတစ်စီးကို ရှာဖွေနေကြဆဲဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်သတင်းများက ဖေါ်ပြခဲ့ကြသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Walking Borders က အဆိုပါစက်လှေမှာ ဆီနီဂေါလ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော Kafountine မှ ထွက်ခွာလာခြင်းဖြစ်ပြီး ၎င်းက ကာနာရီကျွန်းများတွင်ပါဝင်သော Tenerife ကျွန်းမှ တောင်ဘက်တွင် အကြမ်းအားဖြင့် ကီလိုမီတာ ၁,၇၀၀(၁,၀၅၇ မိုင်) ကွာဝေးသည်။
စက်လှေပေါ်တွင် ကလေးငယ်အများအပြား ပါဝင်လာကြောင်းလည်း Walking Borders အဖွဲ့ကပြောခဲ့သည်။ ၎င်းက ဇွန်လ ၂၇ ရက်တွင် Kafountine မြို့မှ စတင်ထွက်ခွာကာ ကာနာရီကျွန်းများဆီသို့ ဦးတည်လာနေခဲ့ခြင်းဖြစ်သည်။
အလားတူပင် ပြောင်းရွှေ့နေထိုင်သူအများအပြား တင်ဆောင်ထားသော အခြားစက်လှေနှစ်စီးမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်းသိရသည်။ ထိုစက်လှေနှစ်စီးနှင့်ပတ်သက်၍ အသေးစိတ်အနည်းငယ်သာ သိရပြီး Reuters သတင်းဌာနကမူ လူ ၆၅ ဦးနှင့် ၆၀ ဦး အသီးသီးတင်ဆောင်သွားသည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် စက်လှေသုံးစီးပေါင်းဆိုလျှင် လူ ၃၀၀ ကျော် တင်ဆောင်လာပြီး ပင်လယ်ပြင်၌ ပျောက်ဆုံးနေခြင်းဖြစ်သည်။
Ref—-BBC