၁၀. ၇. ၂၀၂၃
Written by Hey Mar
အိမ်ခြေမဲ့အမျိုးသားတစ်ဦး ပုဇွန်တောင်ဘူတာအနီး ရထားသံလမ်းဘေးမှာ သေဆုံးနေတဲ့ဖြစ်စဥ် ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မင်္ဂလာတောင်ညွှန့်လူငယ် ပရဟိတအသင်းကနေ သိရပါတယ် ။
သေဆုံးသူက အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးကာ ရုပ်အလောင်းကူညီသယ်ဆောင်ပေးဖို့ သတင်းပေး ဆက်သွယ်လာတာကြောင့် မင်္ဂလာတောင်ညွန့် လူငယ်ပရဟိတအဖွဲ့က သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအသင်းက နိဗ္ဗာန်ယာဥ်နဲ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးက PR.029 နဲ့ စနစ်တကျလက်ခံထားတယ်လို့ သိရပါတယ်။