MT News
Written by Tha Doe
ယခုနှစ် ငါးလအတွင်း သောင်းကျန်းသူနှင့် မသမာသူရှို့မီး ၁၂၁ ကြိမ်အပါအဝင် ၈၇၅ ကြိမ် မီးလောင်ခဲ့ပြီး ပြည်သူ ၅၂ ဦးသေဆုံးကာ လူ ၈၅၈၂ ဦး အိုးအိမ်မဲ့ခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ယခုနှစ် မေလအတွင်း နိုင်ငံတစ်ဝန်းတွင် မီးလောင်မှူ ၁၃၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဖိုမီး ၂၄ ကြိမ်၊ ပေါ့ဆမီး ၃၄ ကြိမ်၊ အလိုအလျောက်မီး ၄ ကြိမ်၊ လျှပ်စစ်မီး ၄၃ ကြိမ်၊ မသမာသူရှို့မီး ၉ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၉ ကြိမ်၊ တောမီး ၆ ကြိမ် မီးလောင်ခဲ့သည်။ ထိခိုက်သည့် အိမ်ခြေအဆောက်အဦ ၄၈၀ တွင် စက်ရုံ/အလုပ်ရုံ ၅ လုံး၊ ဂိုဒေါင် ၉ လုံးပါ မီးလောင်ခံရပြီး မီးဘေးသင့်ပြည်သူ ၄၀၄၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့ပြင် လူ ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရပြီး ငွေကျပ် ၁၅၇၄ ဒသမ ၆၅၅ သန်းခန့် ဆုံးရှုံးခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၅ လအတွင်း မီးဖိုမီး ၁၄၉ ကြိမ်၊ ပေါ့ဆမီး ၂၄၇ ကြိမ်၊ အလိုအလျောက်မီး ၁၉ ကြိမ်၊ လျှပ်စစ်မီး ၂၄၃ ကြိမ်၊ မသမာသူရှို့မီး ၅၈ ကြိမ်၊ တောမီး ၉၃ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၆၃ ကြိမ်၊ မိုးကြိုးပစ် ၃ ကြိမ်၊ စုစုပေါင်း ၈၇၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိခိုက်မှုအဖြစ် အိမ်ခြေအဆောက်အဦ ၂၃၈ဝ တွင် စက်ရုံ/အလုပ်ရုံ ၁၁ လုံးနှင့် ဂိုဒေါင် ၁၂၉ လုံး မီးလောင်ခဲ့ပြီး မီးဘေးသင့်ပြည်သူ ၈၅၈၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို့ပြင် မီးလောင်မှုကြောင့် လူ ၅၂ ဦးသေဆုံးကာ ၁၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန် ၂၉၈၄ သေဆုံး၍ ငွေကျပ် ၁၃၄၇ဝ ဒသမ ၇၉၅ သန်းခန့် ဆုံးရှုံးခဲ့ရသည်။
အလားတူ ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုင်းနှင့်ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်ကြောင့် တံတိုင်းပြိုကျမှု ၁ ကြိမ်၊ မြေပြိုကျမှု ၁ ကြိမ်၊ လေပြင်းတိုက်ခတ်မှု ၅၃ ကြိမ်၊ ရေကြီးမှု ၅ ကြိမ်၊ ယာဉ်တိုက်မှု ၁၆ ကြိမ်၊ ယာဉ်တိမ်းမှောက်မှု ၇ ကြိမ်၊ ရေနစ်မြုပ်မှု ၁၀ ကြိမ်၊ ပေါက်ကွဲမှု ၁ ကြိမ်၊ ရေတွင်းပြုတ်ကျမှု ၃ ကြိမ်၊ သစ်ပင်ပြိုလဲမှု ၂၇၁ ကြိမ်၊ မတော်တဆထိခိုက်မှု ၅ ကြိမ်၊ တိရစ္ဆာန်ကယ်ဆယ်မှု ၃ ကြိမ်၊ ကူညီရှင်းလင်းရွှေ့ပြောင်းမှု ၂၁၇ ကြိမ်၊ စုစုပေါင်း ၅၉၃ ကြိမ် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်များတွင် ထိခိုက်မှုကြောင့် သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရရှိသူ ၁၂၂ ဦးနှင့် တိရစ္ဆာန် ကယ်ဆယ်မှု ၃ ကြိမ် ရှာဖွေကယ်ဆယ်ကူညီပေးခဲ့သည်ဟု သိရသည်။