
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ဒုံပြည်နယ်၊ လီယန်ဂျင်ခရိုင်ရှိ သူငယ်တန်းကျောင်းတစ်ကျောင်းတွင် ဇူလိုင်လ ၁၀ ရက် နံနက်၌ အကြမ်းဖက်ဓါးထိုးမှုဖြစ်ပွားသည့်နေရာကိုတွေ့ရစဉ်။
၁၀. ၇. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂွမ်ဒုံပြည်နယ်၊ လီယန်ဂျင်ခရိုင်ရှိ သူငယ်တန်းကျောင်းတစ်ကျောင်းတွင် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်း၌ လူတစ်ယောက်က ဓားဖြင့်လိုက်လံထိုးခဲ့မှုကြောင့် လူခြောက်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာရအပြီးတွင် ဓားဖြင့်ထိုးသ-တ်သူဟု သံသယရှိရသည့်လူတစ်ယောက်ကိုလည်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဓားဖြင့်ထိုးသ-တ်ခံရ၍ သေဆုံးရသူများတွင် ဆရာတစ်ဦး၊ ကျောင်းသားမိဘနှစ်ဦးနှင့် ကျောင်းသားသုံးဦးတို့ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
၎င်းကသေဆုံးရသူများ၏ အမည်နှင့် အသက်အရွယ် အသေးစိတ်နှင့် အသုံးပြုခဲ့သည့် လူသ-တ်လက်နက်တို့နှင့်ပတ်သက်၍ မပြောကြားခဲ့ပေ။
ဖြစ်ရပ်က လီယန်ဂျင်ခရိုင်တွင် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၀ ခန့်၌ ဖြစ်ပွားခဲ့ပြီး ဝူ ဟု အမည်ရှိ လူတစ်ယောက်ကို ရဲတပ်ဖွဲ့က နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးမိခဲ့သည်။ ဒေသအာဏာပိုင်များက အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောခဲ့ကြသည်။
ဤကဲ့သို့ ကျောင်းသူကျောင်းသားများနှင့် ကျောင်းများကို ပစ်မှတ်ထားသည့် လူအစုလိုက်အပြုံလိုက် သ-တ်ဖြတ်တိုက်ခိုက်မှုများက လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံတစ်ဝန်း၌ စတင်ဖြစ်ပျက်လာခဲ့သည်။ ထို့ကြောင့် အာဏာပိုင်များက လုံခြုံမှုအဆင့်များမြှင့်တင်ကြရန်နှင့် ထိုလူအစုလိုက်အပြုံလိုက် သ-တ်ဖြတ်အကြမ်းဖက်မှုများ၏ အကြောင်းရင်းများကိုပါ ဖော်ထုတ်ကြရန် ပြောကြားခဲ့ကြသည်။
Ref—– CNA
