October 18, 2024

၁၀. ၇. ၂၀၂၃
Written by Peya

ထိုင်းလိဂ် (၁) ကလပ်အသင်းဖြစ်သည့် Uthai Thani FC သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိသွားသည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူက အသင်းသစ်အတွက် နှစ်ဂိုးကို ပွဲဦးထွက် သွင်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Uthai Thani FC အသင်းသို့ အောင်သူ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ဇူလိုင်လ ၈ ရက်တွင် အဆိုပါ အသင်းက တရားဝင် အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အသင်းသို့ မရောက်မီ အောင်သူသည် Lamphun Warriors အသင်းတွင် ကစားနေခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၉ ရက်က ကမ္ဘောဒီးယားကလပ် Tiffy Army FC နှင့် အဆိုပါ အသင်းတို့ ခြေစမ်းကစားပွဲတွင် အောင်သူ က လူစားဝင်ကစားကာ ပထမဆုံး ပွဲထွက်ရာတွင် ၇၁ မိနစ်နှင့် ၇၉ မိနစ်တို့၌ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ Uthai Thani FC အသင်းက ၇ ဂိုး ဂိုး မရှိ ဖြင့် အနိုင်ရရှိခဲ့သည်။

ဩဂုတ်လအတွင်း စတင်တော့မည့် ထိုင်လိဂ် (၁) ပွဲစဉ် ဇယားကိုလည်း အဆိုပါ အသင်းက ထုတ်ပြန်ရာတွင် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူ၏ ပုံကိုလည်း ထည့်သွင်းကာ ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *