October 18, 2024

ဓာတ်ပုံ- ရွှေလွိုင်ကော်ပရဟိတ အဖွဲ့

၁၀. ၇. ၂၀၂၃
Written by Hey Mar

အမျိုးအချင်းချင်း စကားများရန်ဖြစ်ရာကနေ ဓားခုတ်မှုတစ်ခု ကယားပြည်နယ်၊ နောင်ယား(က)ရပ်ကွက်၊ နောင်ယားဈေးအနီးမှာ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး အခုတ်ခံရသူမှာ ဦးခေါင်းနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းနေ သိရပါတယ်။

ဖြစ်စဉ်မှာ အရက်အမူးလွန်နေတဲ့ ဓားခုတ်ခံရသူက သူရဲ့ယောက်ဖဖြစ်သူနဲ့ စကားများရန်ဖြစ်ရာကနေ ယောက်ဖက ဒေါသထွက်ကာ ဦးခေါင်းကို ဓားနဲ့ခုတ်လိုက်တာဖြစ်ကြောင်း၊ ဒဏ်ရာရလူနာအမည်က ကိုဇော်လင်းထွန်းဖြစ်ပြီး အသက် ၃၁နှစ် အရွယ်ဖြစ်ကာ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ပြတ်ရှဒဏ်ရာတွေရရှိသွားခဲ့ကြောင်း သိရပါတယ်။

ဆွေမျိုးချင်းပြဿနာမို့ သက်ဆိုင်ရာတိုင်ကြားတာမျိုးတွေ မပြုလုပ်ကြဘဲ ကြေလည်အောင် ဖျန်ဖြေပေးခဲ့ကြပြီး လူနာကို သွေးထွက်မလွန်စေဖို့ ရှေးဦးသူနာပြုစုနည်းနဲ့ လိုအပ်တာတွေပြုစု လုပ်ကိုင်ပေးခဲ့ကာ၊ လွိုင်ကော်ဆေးရုံကို ရွှေလွိုင်ကော် ပရဟိတအသင်း သူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *