October 18, 2024

MT News

Written By Thandar

သရုပ်ဆောင် စည်သူမောင်နဲ့ ချစ်သူကရင်မ‌လေး နော်ဇင်ပိုပိုတို့ရဲ့ လက်ထပ်မင်္ဂလာပွဲလေးကို ဇူလိုင်လ ၈ ရက်နေ့က ပုသိမ်မြို့မှာ ရိုးရှင်းစွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

“သူ့နဲ့ကျွန်တော်က အသက်အရွယ် ကွာခြားတယ်။ နောက် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုနဲ့ တည်ဆောက်ထားတာပါ။ အစပိုင်းကတော့ တော်တော်ကြာကြာညှိယူရတာတွေ ရှိခဲ့တယ်။ နောက်ပိုင်းမှ အဆင်ပြေသွားတာပါ။ ကျွန်တော် ဘဝထဲက မင်းသမီးလေး ခုလက်ထပ်လိုက်တာပါ”လို့ သရုပ်ဆောင် စည်သူမောင်က ပြောပါတယ်။

သူတို့ နှစ်ယောက်ဟာ ချစ်သူသက်တမ်း (၂) နှစ်သာ ရှိသေးပေမယ့် ချစ်ရတဲ့ ကရင်မလေးကို ဇွန်လ ၁၅ ရက်မှာ လက်ထက်ခွင့် တောင်းခဲ့တာလည်းဖြစ်ပါတယ်။

ကြည်နူးစရာ ချစ်သူ၂ ဦးရဲ့ မင်္ဂလာပွဲကို နှစ်ဖက်မိဘတွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။

သူတို့ နှစ်ဦးပျော်ရွှင် ချမ်းမြေ့စွာ လက်တွဲနိုင်ကြပါစေလို့ ပရိသတ်တွေကလည်း ဆုမွန်ကောင်း တောင်းပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *