October 18, 2024

MT News

Written By Thandar

လူရွှင်တော်တွေ ခေါင်းချစရာ နေရာရှိဖို့အတွက် လူရွှင်တော်ရွာတည်ဖို့ ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်ရှိ မြေ ၅ ဧကကို နိုင်ငံတော်က လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

လူရွှင်တော်ရွာတည်ဖိုအတွက် မြေ ၅ ဧကကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးထားကြောင်း ဇူလိုင်လ ၇ ရက်နေ့က နေပြည်‌တော်ရှိ MICC-2 မှာ ကျင်းပခဲ့တဲ့ပွဲမှာ လူရွှင်တော်သက်ကြီးပူဇော်ပွဲမှာ ပြောခဲ့တာပါ။

“ကျွန်တော်တို့ကို လူရွှင်တော်ရွာ တည်ဆောက်ဖို့ လှူဒါန်းထားတာတော့ ကြာပါပြီ။ ဒီနှစ် နှစ်ဦးပိုင်းလောက်က လှူဒါန်းထားတာပါ။ သက်ကြီး လူရွှင်တော်တွေ အိမ်ခြေယာခြေမရှိတဲ့ လူရွှင်တော်တွေ နေမှုထိုင်မှုအတွက် လှူတာပါ။ တချို့ဆိုရင် လူရွှင်တော်တွေ အိမ်ခြေမရှိဘဲ သေသွားတဲ့သူတွေရှိတယ်။ ခုလိုနေရာမှာ အိမ်လေးရှိရင်တော့ ခေါင်းချရတာ အေးချမ်းတာပေါ့။ လူရွှင်တော်သက်ကြီးတွေ မြေရတာတော့ ကောင်းပါတယ်။ ကျွန်တော်တို့က ဘာထပ်ကြိုးစားရမလဲဆိုရင် အိမ်တွေ ဆောက်ပေးနိုင်ဖို့ ရေ ၊ မီးတော့ အဆင်ပြေဖို့ နေထိုင်ဖို့ အတွက် ကြိုးစားရဦးမှာပါ”လို့ လူရွှင်တော် ချစ်စုက MT News ကို ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုကို ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်ထဲက လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ (၁၃) ကြိမ်မြောက် သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲမှာလည်း ကန်တော့ခံပုဂ္ဂိုလ် အသက် ၆၅ နှစ်အထက် အယောက် ၂၈၀ ကျော်ရှိပေမယ့် ကျန်းမာရေးကြောင့် မတက်ရောက်နိုင်သူများလည်း ရှိတယ်လို့ သိရပါတယ်။

“လူရွှင်တော်တွေ သက်ကြီးကန်တော့ခံတွေက ကျန်မာရေး မကောင်းလို့ နေပြည်တော်ပွဲလာမတက်နိုင်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲတက်မလာနိုင်တဲ့ လူရွှင်တော်သက်ကြီးတွေကို မြို့နယ်အလိုက်ခွဲပြီး အိမ်တိုင်ရာရောက်သွားပြီး ငွေကြေး ၊ ဆန် ၊ ဆီ စတဲ့ အသုံးအဆောင် ပစ္စည်းတွေတွေကို သွားရောက် ပို့ဆောင်နေတာလည်း ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *