October 18, 2024

၁၀. ၇. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင် မင်းတော်ဝင်ရဲ့ “ ဦးဦးစားဖိုမှူး”စားသောက်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအနီးရှိ တောင်ထိပ်ပန်းလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို သရုပ်ဆောင် အောင်ရေချမ်း၊ သရုပ်ဆောင် စည်သူမောင်တို့ ဇနီးမောင်နှံ၊ သရုပ်ဆောင် ခင်လှိုင်၊ အကယ်ဒမီ ခင်မို့မို့အေး စတဲ့ အနုပညာရှင် များစွာတက်ရောက်ခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_14-56-40-1024x604.jpg

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်က လှော်ကားမှာ ဖွင့်ခဲ့တာပေါ့။ ကျွန်တော် အနုပညာအလုပ်တွေ လုပ်နေရတော့ မြို့ထဲမှာ ဖွင့်ချင်ခဲ့တာပေါ့၊ အနုပညာအလုပ်တွေလုပ်နေတော့ မြို့ထဲမှာ လုပ်မှ အဆင်ပြေတာပေါ့။ အခုတော့ မိသားစု တူတူနေဖြစ်သွားတယ်။ ဆိုင်လည်း ဖွင့်ဖြစ်သွားတယ်။ ကျွန်တော့်မှာ တခြား အလုပ်လေးတွေ ရှိနေတာ့ အဲဒီအလုပ်တွေကလည်း အာရုံစိုက်နေရတယ်။ ဆိုင်ကတစ်ဖက် အာရုံစိုက် နေရတယ်။ အရင်က လူကြိုက်များခဲ့တဲ့ အစားအသောက်တွေနဲ့ အခြားသော အစားအသောက် တွေလည်း ထပ်တိုးပြီး လုပ်ထားပါတယ်။ အများကြီးလည်း ပြင်ဆင်ထားတယ်”လို့ သရုပ်ဆောင် မင်းတော်ဝင်ကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_14-56-46-834x1024.jpg

သူကတော့ ဆရာဝန်ဘဝကနေ အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပြီး လက်ရှိမှာ ဇာတ်လမ်းတွဲများစွာ ပါဝင်သရုပ်ဆောင်ထားသလို ကိုယ်တိုင်လည်း ဇာတ်လမ်း ဇာတ်ညွှန်းတွေရေးသားခြင်းအပြင် ဒါရိုက်တာပိုင်းကိုလည်းလုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *