October 18, 2024

၁၀. ၇. ၂၀၂၃
Written By Thandar

ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှု များစွာရရှိလာတဲ့ သရုပ်ဆောင် အောင်ရေချမ်းက ချစ်သူကို တရားဝင်ထုတ်ပြဖို့ စီစဥ်နေပြီး အချိန်တန်ရင် ပရိသတ်ကို ထုတ်ပြမှာပါလို့ ဆိုပါတယ်။

“ကျွန်တော့်ရဲ့ ချစ်သူကို အချိန်တန်ရင်တော့ ပရိသတ်ကို ထုတ်ပြမှာပါဗျာ။ ချစ်သူ သမီးရည်းစားကြားမှာ Official ချမပြသေးတာကလည်း တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းရတာ ရှိပါတယ်။ အများကြီးပါပဲ။ ကျွန်တော်က အနုပညာသမားဖြစ်တာရယ် တစ်ဖက်က မိန်းကလေးကို ညှိနှိုင်းမှုတွေ ရှိတာပေါ့။ အချိန်တန်ရင်တော့ ဖြစ်သွားမှာပါ။ ကျွန်တော်က Mama Boy လို့ပဲ ပြောရမှာပေါ့။ ချစ်သူနဲ့ အမေကြား အခက်အခဲတချို့တော့ ရှိတာပေါ့။ ချစ်သူပုံစံကို ကြိုပြီးမပြောချင်သေးဘူး။ ချစ်သူအကြောင်းဖြေထားတာ နားထောင်ပြီး စိတ်ကောက်ချင်လည်း ကောက်တယ်။ မကောက်တဲ့အခါလည်း စိတ်မကောက်ပါဘူး။ အနုပညာသမားကို ကြိုက်ထားတဲ့အတွက် နားလည်မှာပါ ”လို့ သရုပ်ဆောင် အောင်ရေချမ်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_13-42-58-731x1024.jpg

သူ့ရဲ့ ချစ်သူကတော့ တစ်ခါတလေ ကလေးဆန်သလို တစ်ခါတလေမှာလည်း လူကြီးဆန်တဲ့သူပါလို့ ဆိုပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တိုင် လျှောက်လှမ်းလာခဲ့သူဖြစ်ပြီး လက်ရှိ အောင်ရေချမ်း ပါဝင်သရုပ်ဆောင်ထားတဲ့ Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုလည်း ပြီးဆုံးပြီး ဖြစ်ပါတယ်။ ဒီ့အတွက် ဒါရိုက်တာ ကျော်နှင်းဆီနဲ့ ဇာတ်လမ်းတွဲတစ်ခု ထပ်မံ ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကို ပြန်ကြည့်ချိန်မှာ လိုအပ်ချက်လေးတွေ ရှိပါသေးတယ်။ ကြိုးစားပါဦးမယ်။ ပြန်ပြင်ဆင်ပါဦးမယ်။ အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေက အားပေးကြပေမယ့် ၂ ရက်ထဲ ထုတ်လွှင့်တာမို့ ကြားထဲမှာ ဟ သွားတော့ ငြိမ်းဦး ကာရိုက်တာနဲ့ နာမည်ထွက် မလာလို့ထင်တယ်။ အရင်လို ဆက်တိုက်ထုတ်လွှင့်ရင်တော့ ပရိသတ်ပိုပြီး ကြည့်မိလိမ့်မယ်လို့ထင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *