October 18, 2024

၁၀. ၇. ၂၀၂၃
Written by Pan Ei

တရုတ်နိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် မြေပြိုကျမှု ဇူလိုင်လ ၈ ရက်က ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၇ ဦးပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများက ယမန်နေ့(ဇူလိုင်လ ၉ ရက်)တွင် ပြောကြားခဲ့သည်။

မြေပြိုမှုဖြစ်ပွားရာနေရာတွင် လူခြောက်ဦးကို အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်ခဲ့ပြီး မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဟူဘေးပြည်နယ်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုအချိန်ထိ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ရက်သတ္တပတ်များစွာအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခုကဲ့သို့ လူအသေအပျောက်များရှိသည့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လက စီချွမ်ပြည်နယ်ရှိ မိုင်းတွင်းတစ်ခုတွင် မြေပြိုမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း မြေပြိုမှုဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးခဲ့သည်။

တရုတ်အစိုးရသည် မိုးရွာသွန်းမှုနှင့် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများကို သတိရှိရှိနှင့် လျင်မြန်စွာတုံ့ပြန်ရန် သတိပေးချက်များထုတ်ပြန်ကာ တိုက်တွန်းထားသည်ဟုလည်း သိရသည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *