October 18, 2024

ဓာတ်ပုံ - လေးဝတီကုလရက္ခိတ ပရဟိတအသင်း

၁၀. ၇. ၂၀၂၃
Written by Hey Mar

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းက ငလပွေ့ချောင်းအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ငလပွေ့ ကျေးရွာက (၆)တန်းကျောင်းသား ကလေးငယ်နှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်မှာ ချောင်းအထက်က တံတားအနီးမှာပဲ ပြန်ပေါ်လာတဲ့အတွက် ရုပ်အလောင်းကူညီသယ်ဆောင်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ခဲ့တယ်လို့ လေးဝတီကုလ ရက္ခိတ ပရဟိတအသင်းကနေ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_12-36-18-768x1024.jpg

ကလေးငယ် နှစ်ဦးစလုံးက ငလပွေ့ကျေးရွာကပဲ ဖြစ်ကြပြီး ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က ချောင်းတစ်ဖက်ကမ်းကို ငှက်ပစ်သွားရာက ပြန်မလာဘဲ ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

“၈ ရက်နေ့ ညကလည်းရှာတယ်။ မိုးကရွာ ရေကတက်တာနဲ့ အဆင်မပြေလို့ ၉ ရက်နေ့ တနေကုန်ရှာလည်း မတွေ့ဘူး။ ချောင်းကို စုန် ဆန်ရှာတာပါပဲ။ အခု ၁၀ ရက်နေ့ မနက်မှ တံတားနားမှာ ပြန်ပေါ်လာတာ”လို့ လေးဝတီကုလ ရက္ခိတ ပရဟိတ အသင်းက ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_12-36-37-1024x768.jpg

ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို ငလပွေ့ကျေးရွာကနေ ဆေးရုံကို အဆိုပါ ပရဟိတအသင်းရဲ့ နိဗ္ဗာန်ယာဥ်နဲ့ ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – လေးဝတီကုလရက္ခိတ ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *