October 18, 2024

၁၀. ၇. ၂၀၂၃
Written By Thandar

လက်ရှိ Mahar App ကထုတ်လွှင့်ပြသနေတဲ့ “အမုန်း” ဇာတ်လမ်းတွဲမှာ ယောက်ျားကို ဓားနဲ့ခုန်ဆွခုန်ဆွ လိုက်တဲ့ အခန်းနဲ့ပတ်သက်ပြီး တချို့က ဂဏန်းသွားလို့ ပြောကြသလို အခုအချိန်မှာ မလုပ်တတ်တော့ဘူးလို့ ခင်ဇာခြည်ကျော်က ရင်ဖွင့်လာပါတယ်။

“ကိုယ့်ယောက်ျားကို စိတ်အရမ်းတိုပြီး ဓားနဲ့လိုက်ရမယ့် ဇာတ်ဝင်ခန်းကို ကြိုဖတ်ထားပြီး ကိုယ်လုပ်မယ့် အိုက်တင်ကို ကြိုစဥ်းစားထားရတာပေါ့။ သူလုပ်ခဲ့တဲ့ အမှုတွေမှန်သမျှက မင်္ဂလာပွဲမှာ အရှက်ကွဲခံလိုက်ရတော့ မြရတီရဲ့ အံ့သြမှုထိတ်လန့်မှု အကုန်လုံးပေါင်းပြီး စိတ်အရမ်းတို မုဒ်သွင်းလိုက်တော့ လမ်းလျှောက်တာ အစ ပုံစံတွေ ပြောင်းကုန်တယ်။ အမှန်က ယဉ်ယဉ်လေးနဲ့ ရူးနေတာလေ။ ဒီအခန်းကို ပရိသတ်တွေလည်း ကြိုက်မယ်ထင်တယ်။ အဲဒီအခန်းကို ကိုယ်လုပ်တုန်းက ဘယ်လိုလုပ်လိုက်မှန်းကိုမသိဘူး။ နောက်တော့ အဲဒီ အခန်း ထွက်လာတော့မှ ကိုဝိုင်းကိုသွားဂျီကျတာလေ။ ကိုဝိုင်းမမြင်ဘူးလား ဘာလို့လွှတ်လိုက်တာလဲပေါ့။ သူကလည်း မဟုတ်ဘူး မဇာလေး မုဒ်က အရမ်းကောင်းနေလို့ပါတဲ့”လို့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-10_11-32-42-820x1024.jpg

သူမက ညိုမင်းဆိုသူ အိမ်ထောင်ရှိပေမယ့်လည်း ငယ်ချစ်ဦးဖြစ်တဲ့အတွက် ပြန်လည် ပေါင်းသင်းနေထိုင်ရင်းက မယားကြီးနဲ့ သမီးဖြစ်သူ အပေါ်မှာလည်း ကောက်ကျစ်သူနေရာက အကောင်းဆုံး ပုံဖော်ပြီး ဗန့် ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အမုန်း ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဝိုင်းက ခင်ဇာခြည်ကျော်ကို ဗန့်ကာရိုက်တာနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

“ခုချိန်မှာ မဇာလေးကို ပြေးခိုင်းကြည့် မပြေးတတ်တော့ဘူး။ တကယ်။ တချို့က ဂဏန်းသွားလို့ ပြောကြတယ်။ အဲအချိန် မုဒ်သွင်းထားတဲ့ အချိန်နဲ့မို့ ရှုတင်တွေလည်း ကိုယ့်တွေ့တိုင်း ဒီအကြောင်းပဲ နောက်နေကြတယ်။ မဇာလေး ဘဝမှာ ပထမဦးဆုံး ရိုက်တဲ့ ဗန့်ကာရိုက်တာပါ။ ဗန့်ကိုတောင် တော်တော်ဆိုးဆိုးဗန့်ပေါ့။ ပထမဦးဆုံး ဗန့်ရိုက်ရတာမို့ အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ လူမုန်းအောင် သရုပ်ဆောင်ရတာမို့ မုန်းအောင် သရုပ်ဆောင်နိုင်လို့ ပရိသတ်မုန်းတာကို သဘောကျတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကလည်း ၁၀၀ ရာခိုင်နှုန်းနှစ်ထားတဲ့အတွက် ပရိသတ်က အားပေးစကားပြောလို့ ကြိုးစားရကျိုးနပ်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *