October 18, 2024

၉.၇.၂၀၂၃

Written By Thandar

အချစ် ဒရာမာပုံစံ “တသသ လွမ်း” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

Mee Mee Mway ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမယ့် တသသ လွမ်း ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်အဖွဲ့သားတွေက ကန်တော့ပွဲပေးပြီး ဇာတ်လမ်းတွဲအကြောင်း မီဒီယာတွေကို မိတ်ဆက်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is 347589887_234350289550496_8155613944127251989_n.jpg

“တသသ လွမ်းမှာ ပါဖြစ်တာက ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတော့ ဒါရိုက်တာ ဇီဇဝါနဲ့လည်း တော်တော်လေး စကားပြောကြည့်တော့ ဒီဇာတ်လမ်းထဲမှာပါရမယ့် အစ်မ ကာရိုက်တာလေးကို သဘောကျတယ်။ အဲဒါကြောင့် လက်ခံဖြစ်ခဲ့တာပါ။ ဒီထဲမှာတော့ ကင်ဆာအထူးကုဆရာဝန်မကြီး တစ်ယောက်နေရာကနေ ပါဝင်ရမှာပါ။ ဆရာဝန်ကာရိုက်တာက အရင်တုန်းကလည်း ရိုက်ခဲ့ဖူးတော့ ဒါရိုက်တာနဲ့ အဝတ်အစားပိုင်းတွေ ညှိတယ်။ ကြိုးစားပြီးတော့ အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ဒီကားထဲမှာ သရုပ်ဆောင်ဖြစ်မှာပါ”လို့ သရုပ်ဆောင် ဖူးစုံက ပြောပါတယ်။

This image has an empty alt attribute; its file name is 347586015_234350212883837_7644862460502169406_n.jpg

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ပိုင်စိုးသူမောင်က ရေးသားပြီး ဒါရိုက်တာ ဇီဇဝါရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်မင်းခန့်၊ ဘုန်းမင်းနေလ၊ မေတိုးခိုင် ၊ သီရိကျော်၊ အကယ်ဒမီ မင်းဦး၊ ဖူးစုံ၊ ဟိန်းသံလွင်၊ နှင်းဝတ်ရည်ကျော် စတဲ့ အနုပညာရှင်များစွာတို့ ပါဝင် သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“တသသ လွမ်း” ဇာတ်လမ်းတွဲကို Channel K ရုပ်သံလိုင်းက ထုတ်လွင့်ပြသသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *