October 18, 2024

ဓာတ်ပုံ - ကရုဏာရှင် လူမှုကူညီရေးအသင်း

၁၀. ၇ .၂၀၂၃
Written by Hey Mar

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းမှာ စိတ်ကျန်းမာရေးမကောင်းသူ အိမ်ခြေမဲ့ အမျိုးသားတစ်ဦးကို ယာဥ်တိုက်ပြေးတဲ့အတွက် အဆိုပါအမျိုးသား နေရာတင်သေဆုံးမှု ဇူလိုင် ၉ ရက် ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေး ပရဟိတအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် -မန္တလေး လမ်းဟောင်း၊ စိမ်းစားပင်ကွေ့၊ သာယာစုကျေးရွာလမ်းထိပ်မှာ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ယာဥ်အမျိုးအစားမသိရတဲ့ မျက်မြင်မရှိလိုက်တဲ့ ယာဥ်တစ်စီးက မတော်တဆ တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ယူဆရတာ​ပါ။ အဆိုပါဖြစ်စဥ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူမှုကူညီရေးအသင်းတွေဆီ ရုပ်အလောင်း လာရောက်ကူညီ သယ်ဆောင်ပေးဖို့ ဆက်သွယ်တာကြောင့် ကရုဏာရှင်လူမှုကူညီရေးအသင်းက သွားရောက် ကူညီသယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကားတိုက်ခံခဲ့ရတဲ့ အမျိုးသားဟာ ဦးခေါင်းတစ်ခြမ်းပွင့်ထွက်ပြီး ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။ ရုပ်အလောင်းကို ပြည်သူ့ဆေးရုံကြီးကုတင်(၁၀၀၀)သို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *