October 18, 2024

(Photo- CJ)

၁၀. ၇. ၂၀၂၃
Written by Nay Moe

သထုံ-ဘားအံ လမ်းမကြီး ဘုရင်ညီနောင်ဂူနှင့်ဝါးပိုးတောလမ်းဆုံကြားတံတားအား KNLA နှင့် PDF က ယနေ့နံနက် ၆ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်၍ ကားလေးများသာ သွားလာခွင့်ရတော့သည်ဟု ဒေသခံများထံမှ ကနဦးစုံစမ်းသိရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အဆိုပါတံတားမှာ ကျိူးပြတ်သွားမှုမရှိသော်လည်း တံတားတစ်စင်းလုံးမှာ ထက်ပိုင်းပြတ်သွားသည့် အက်ရာများပေါ်ပေါက်ခဲ့၍ တာဝန်ရှိသူများက လာရောက်စစ်ဆေးပြီးနောက် ယခုမနက် ၉ နာရီခွဲခန့်မှသာ ကားလေးများဖြတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-07-10_10-21-06-1024x461.jpg

“မနက် ၆ နာရီလောက်က လာခွဲသွားကြတာ။ တံတားက ကျိုးမကျပေမဲ့ ထက်ပိုင်းပြတ်လုနီးပါး ကွဲအက်သွားတယ်။ တံတားက ယိုင်နဲ့သွားပြီး ကားလေးဖြတ်ဖို့တောင် စိတ်မချရသလောက်ဖြစ်သွားတယ်။ အဲဒါ အခုတော့ တာဝန်ရှိသူတွေက လာစစ်ဆေးပြီး မနက် ၉ နာရီခွဲလောက်မှ ကားလေးတွေ ဖြတ်ခွင့်ပေးတယ်” ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း KNLA နှင့် PDF ပူးပေါင်းတပ်များက ရန်ကုန်- မော်လမြိုင်- မြဝတီ ကုန်သွယ်မှုအတွက် အရေးပါသည့် ကျုံအိတ်တံတားအပါအဝင် တံတားငါးစင်းထက်မနည်း မိုင်းခွဲဖျက်ဆီးထားပြီး ကျိုက်ထီးရိုးတောင်တက်လမ်းရှိ လေးဖာတောတံတားကိုလည်း ဖျက်ဆီးမှုကြောင့် ဘုရာဖူးကားများတောင်ပေါ်တက်နိုင်မှုမရှိဖြစ်ပေါ်နေသည်။ ထို့သို့သော မိုင်းခွဲတိုက်ခိုက်မှုများကြောင့် KNLA ၊ PDF များ ကျုံအိတ်တံတားမိုင်းခွဲသည့်ဖြစ်စဥ်တွင် ​ပြည်သူ ၃ ဦးသေဆုံးသည့်အပြင် ကားသုံးစီးပျက်စီးကာ လူ ၃၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (Photo- CJ)

Leave a Reply

Your email address will not be published. Required fields are marked *