MT News
မာရဝိဇယရုပ်ပွားတော်မြတ် တည်ဆောက်ရေးတွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြီးကြပ်နေသည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ ၇ ရက် ညတွင် အသိပေးချက် ထုတ်ပြန်ထားသည်။
မဇ္ဇျိမသတင်းဌာနက”အမြန်လမ်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ယာဥ်တန်းထိခိုက်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ အတည်ပြု”ဟု ဆိုကာ NUG ဩဇာခံ ပဲခူးတိုင်းစစ်ဒေသခွဲမှ PDF များက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း လိုက်ပါလာသော ယာဥ်တန်းကို နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ဖာလုံအနီးတွင် ဇူလိုင်လ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းအမှားရေးသားဖော်ပြခဲ့ခြင်းနှင့် စပ်လျဥ်း၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “အကြမ်းဖက်အားပေး Mizzima မှ သတင်းအမှားရေးသားဖော်ပြမှုနှင့် ပတ်သက်၍ အသိပေးချက်”ဟု ဖော်ပြထားပြီး “နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးတွင် နေပြည်တော်မှ ထွက်ခွာလာသော ယာဉ်တန်းအား PDF အမည်ခံအကြမ်းဖက်သမားများမှ တိုက်ခိုက်ခဲ့ကြောင်း အကြမ်းဖက်အားပေး Mizzima မှ သတင်းအမှားရေးသားဖော်ပြမှုနှင့် ပတ်သက်၍ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် လက်ရှိ နေပြည်တော်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပူဇော်တည်ဆောက်ရေး လုပ်ငန်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းမှန်ပြန်ကြားအပ်ပါသည်”ဟု ဖော်ပြထားသည်။