၈. ၇. ၂၀၂၃
Written by Peya
စွန့်ပစ် ပလတ်စတစ် အမှိက်နှင့် တာယာအဟောင်းများမှ တဆင့် ဒီဇယ်ထုတ်လုပ်နိုင်မည့် စက်ကို တည် ဆောက်မည်ဖြစ်သောကြောင့် ပူးပေါင်း ဆောင်ရွက်လိုသူများကို မြန်မာစွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်သူ ဦးသန့်ဇင်ထွန်းက ဖိတ်ခေါ် ထားသည်။
ဦးသန့်ဇင်ထွန်းသည် ဘုတလင်မြို့ ဇာတိဖြစ်ကာ ယခင်ကလည်း စွန့်ပစ် ပလတ်စတစ်အမှိုက်မှ ဒီဇယ် ထုတ်နိုင်မည့် စက်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ်ဖန်တီးခဲ့ဖူးသူဖြစ်သည့်အပြင် ပြည်ပနိုင်ငံတစ်ခုတွင်လည်း ၎င်း၏ ဒီဇိုင်းကို ပြသ စမ်းသပ်ပြခဲ့သူ ဖြစ်ပြီး ထောက်ခံချက်လည်း ရရှိထားသူ ဖြစ်သည်။
“ဖိတ်ခေါ်ထားချက် ရည်မှန်းတာကတော့ ပထမဆုံး အသေးစား စ လုပ်မယ်။ ဒီဇယ်က ပေပါ သုံးပေပါ။ ပလတ်စတစ် က တစ်တန်ပေါ့။ အဲ့ဒီ စက်ကလေးကို စလုပ်မယ်။ အလုပ်သမားတွေကို လေ့ကျင့်မယ်။ နှစ်လလောက်နေလို့ ကျွမ်းကျင်မှုရှိပြီ စိတ်ချရပြီဆိုရင် တိုးချဲ့သွားဖို့ စီစဉ်ထားတာပါ” ဟု ဦးသန့်ဇင်ထွန်းက ရှင်းပြသည်။
သုံးပေပါကျ စက်အတွက် ပထမဆုံးအနေဖြင့် စက်တန်ဖိုး သိန်းငါးရာ၊ လုပ်ငန်းလည်ပတ်ရန်အတွက် သိန်းသုံးရာ စုစုပေါင်း သိန်းရှစ်ရာခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကာ နိုင်ငံတကာမှ စာတမ်းများ၊ ဗီဒီယိုများကို ကြည့်ကာ ကိုယ်တိုင် စမ်းသပ် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဇယ်ကို အဆင့်အတန်းမီမီ အဆင့်အထိ ဖြစ်အောင်လုပ်မှာ။ ကိုယ့်ကားနဲ့ကိုယ် ဒီဇယ် ထည့်မောင်းရဲတဲ့အထိ လုပ်မှာ။ နောက်ဆုံး ပါကျဲရိုးကားမှာ မဟုတ်ရင်တောင်။ မီးစက်တွေ ကောင်းကောင်းသုံးလို့ရမယ့် ရိုးရိုးဒီဇယ်ပေါ့။ တစ်လုံးထိုး အင်ဂျင်တွေ ကောင်းကောင်းသုံးလို့ ရမယ်” ဟု ဦးသန့်ဇင်ထွန်းက ဆိုသည်။