၈ .၇ .၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်းလမ်းအဆင်း ၊ ကျောက်မဲရေကန်အကျော်၊ တံတားကွေ့မှာ ခရီးသည်တင် Light Truck တစ်စီးအရှိန်လွန်ကာ ပေ (၇၀) လောက်နက်တဲ့ ချောက်ထဲကို ပြုတ်ကျ တိမ်းမှောက်ခဲ့တာကြောင့် ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်မဲမြို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးကနေ သိရပါတယ်။
ဖြစ်စဥ်ကြောင့် အမျိုုးသားသုံးဦးမှာ ညှပ်ရိုးကျိုးလူနာ၊ ခါးရိုးကျိုး၊ ခြေကျင်းဝတ်အရိုးကျိုးဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦးတို့မှာ ပွန်းပဲ့ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရလူနာတွေကို မန္တလေးမြို့ကနေ လူနာပို့ပြီးပြန်လာတဲ့ အဖြူရောင်နှလုံးသား ပရဟိတကားနဲ့ အမျိုးသား လူနာနှစ်ဦးဖြစ်တဲ့ ခါးရိုးနဲ့ ခြေချင်းဝတ်ရိုး ဒဏ်ရာရရှိသူတွေရယ်၊ ပွန်းပဲ့ဒဏ်ရာရ အမျိုးသမီးနဲ့ အမျိုးသားတစ်ဦးတို့ကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်ရယ်နဲ့ အသီးသီးတင်ဆောင်ကာ အခင်းဖြစ်ပွားရာနေရာကနေ ကျောက်မဲပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။