October 30, 2024

၇. ၇. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ၊ စမတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင်ရပ်ကွက်၊ Soi Chub Rung Rung လမ်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား လင်မယားနှစ်ဦးသည် ဇူလိုင် ၆ ရက်နေ့က ၎င်းတို့၏ကလေးကိုထားကာ ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။

အသက် ၃၀ အရွယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား လင်မယားသည် ၎င်းတို့ ငှားရမ်းနေထိုင်နေသော အခန်းမှဆင်းလာကာ ရန်ဖြစ်စကားများပြီးနောက် အမျိုးသမီးက လမ်းကြားမှထွက်ပြေးသွားခဲ့သည်။ အမျိုးသမီးထွက်ပြေးသွားခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူသည် ၎င်းတို့နေထိုင်နေသော အပေါ်ထပ်အခန်းကို ပြန်သွားကာ ခဏအကြာတွင် ကလေးချီလာကာ ဆင်းလာခဲ့ကြောင်း ထိုင်းကုန်စုံပိုင်ရှင်အမျိုးသမီးဖြစ်သူ Mr. Panithan Amarikawin က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-07-07_16-18-44.jpg

အဆိုပါ ရွှေ့ပြောင်းမြန်မာအမျိုးသားသည် ကလေးငယ်ကို သူ၏ကလေးမဟုတ်ကြောင်းပြောဆိုကာ ထိုင်းကုန်စုံပိုင်ရှင်အမျိုးသမီးထံ အပ်နှံထားပြီး ထပ်မံထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ကုန်စုံဆိုင်ပိုင်ရှင် Mr. Panithan Amarikawin သည် အဆိုပါအဖြစ်ပျက်နှင့်ပတ်သက်ပြီး ရဲစခန်းကို အကြောင်းကြား အကူအညီတောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ Ruam ka tan yu ဖောင်ဒေးရှင်းက ကလေးငယ်အား ပဏာမစောင့်လျှောက်မှုနှင့် Bangplee ဆေးရုံသို့ ကျန်းမာရေးစစ်ဆေးရန် ကနဦး ခေါ်ဆောင်သွားကြောင်းသိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ်ကို ကျန်းမာရေးစစ်ဆေးပြီးနောက် ကလေးငယ်များ ဘေးကင်းရေး အခြေခံစောင့်ရှောက်မှုနှင့် Samut Prakan ကလေးဂေဟာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား လင်မယားငှားရမ်းနေထိုင်နေသောအခန်းကို သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားကို အရက်အလွန်အကျွံမူးနေသည့် ပုံစံမျိုးဖြင့် တွေ့မြင်ခဲ့ရ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

Ref—siamrath

Leave a Reply

Your email address will not be published. Required fields are marked *