October 30, 2024

MT News

Translated by Htwe Ko Tun

ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့‌ခေါင်းဆောင် ရက်ဗ်ဂျီနီ ပရီဂိုဇင်မှာ ရုရှားနိုင်ငံအတွင်းရှိနေဆဲဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုက ဇူလိုင်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ပရီဂိုဇင်၏ မအောင်မြင်သော တပ်တွင်းပုန်ကန်မှုအပြီး ရုရှားအစိုးရနှင့် သဘောတူညီချက်အရ ဘီလာရုစ်နိုင်ငံသို့ ၎င်းအားရွှေ့ပြောင်းရန်သဘောတူခဲ့သော်လည်း ပရီဂိုဇင်မှာ ရုရှားတွင်သာ လက်ရှိ၌ ရှိနေဆဲဟု လူကာရှန်ကိုက ဆိုခဲ့သည်။

ထို့ပြင် ၎င်းက သတင်းထောက်များအား ပရီဂိုဇင်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ရှိနေဆဲဖြစ်ပြီး ပရီဂိုဇင်၏တပ်ဖွဲ့ဝင်များကမူ ဘီလာရုစ်နိုင်ငံသို့ရောက်ရှိနေကြကြောင်းပြောခဲ့သည်။

ပရီဂိုဇင်က “ ဝက်ဂ်နာတပ်ဖွဲ့ဝင် အရေအတွက် တချို့ကို ဘီလာရုစ်နိုင်ငံထဲ လက်ခံထားရလို့ ကျွန်တော် လုံးဝမစိုးရိမ်မိဘူး။ နိုင်ငံ့လုံခြုံရေးအတွက် လိုအပ်ရင် ကျွန်တော်တို့အနေနဲ့ သူတို့ကို အသုံးပြုနိုင်မှာပါ” ဟုပြောခဲ့သည်။

ပရီဂိုဇင်က ဇွန်လ ၂၃ ရက်တွင် ရုရှားခေါင်းဆောင်ပိုင်းကို တပ်တွင်းပုန်ကန်မှုတစ်ရပ်ပြုခဲ့ပြီး မော်စကိုသို့ ချီတက်ရန်ကြိုဲးစားခဲ့သေးသည်။ သို့သော် ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကို၏စေ့စပ်မှုအရ ပုန်ကန်မှုကိုရပ်ပြီး ၎င်း၏တပ်ဖွဲ့များကိုလည်း ဘီလာရုစ်နိုင်ငံသို့ ရွှေ့ပြောင်းရန် ရုရှားအစိုးရနှင့် သဘောတူခဲ့သည်။

Ref-Moscow Times

Leave a Reply

Your email address will not be published. Required fields are marked *