October 30, 2024

၇. ၇. ၂၀၂၃
Written by Pan Ei

အိန္ဒိယ အမျိုးသားတစ်ဦးဟာ အဆက်ဖြတ်သွားတဲ့ ရည်းစားဟောင်းဖြစ်သူကို ကေဘယ်ကြိုးတွေနဲ့ ချည်နှောင်ကာ သြစတြေးလျနိုင်ငံမှာ ၂၀၂၁ ခုနှစ် မတ်လက အသက်ရှင်လျက် မြှုပ်နှံသ-တ်ခဲ့တာကြောင့် အခုသီတင်းပတ်အတွင်းမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံက အသက် ၂၁ နှစ်အရွယ် သူနာပြုကျောင်းသူ Jasmeen Kaur ကို ရည်းစားဟောင်းဖြစ်သူ Tarikjot Singh က ကြိုးတွေနဲ့ ချည်နှောင်ကာ သြစတြေးလျနိုင်ငံရဲ့ တောင်တန်းဒေသ ဖလင်ဒါစ် ရိန်းဂျ်စ်မှာ အရှင်လတ်လတ် မြှုပ်နှံထားခဲ့တာဖြစ်ပြီး လက်စားချေချင်တာကြောင့်လို့ တရားရုံးက ကြားနာစဉ်အတွင်းမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

Singh ဟာ သူတို့ရဲ့ ဆက်ဆံရေးပျက်ပြားမှုကို လက်မခံနိုင်တာကြောင့် သူမကို သ-တ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေကို ပြောကြားခဲ့ပြီး အသတ်ခံရသူရဲ့ မိခင် Rashpaul က Singh ဟာ သူမရဲ့သမီးကို အရမ်း အစွဲအလမ်းကြီးခဲ့ပြီး သမီးဖြစ်သူက အကြိမ်တစ်ရာမက ငြင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Singh က ရည်းစားဟောင်းဖြစ်သူကို အဒဲလ်လိတ်မြို့ရှိ သူမရဲ့ လုပ်ငန်းခွင်ကနေ ပြန်ပေးဆွဲခဲ့ပြီး အလုပ်နဲ့ မီတာ ၄၀၀ အကွာလောက်မှာရှိတဲ့ တောင်တန်းဒေသ ဖလင်ဒါစ် ရိန်းဂျ်စ်က သင်္ချိုင်းဟောင်းတစ်ခုမှာ ခြေတွေလက်တွေကို ကေဘယ်ကြိုးတွေ၊ တိပ်တွေနဲ့ ချည်နှောင်ကာ အသက်ရှင်လျက် မြှုပ်နှံခဲ့တာပဲဖြစ်ပါတယ်။ သူက အစပိုင်းမှာ​တော့ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပေမဲ့ သက်သေအထားတွေကြောင့် အခုနှစ်အစောပိုင်းမှာတော့ အပြစ်အတွက် ဝန်ခံထွက်ဆိုခဲ့တာပါ။

ကျူးလွန်ခံရသူရဲ့ မိခင်အပါအဝင် မိသားစုဝင်တွေက အရှင်လတ်လတ်မြေမြှုပ်သ-တ်ခံရတဲ့ သူမရဲ့နောက်ဆုံးအခိုက်အတန့်မှာ ခံစားခဲ့ရမယ့်အရာတွေအတွက် ဖြေမဆည်နိုင်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး သူမရဲ့မိခင်ကလည်း Singh လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ ဆိုခဲ့သလို တရားရုံးကတော့ Singh ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Ref; NDTV

Leave a Reply

Your email address will not be published. Required fields are marked *