၇. ၇. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်၏ စာမျက်နှာက Telegram ၌ ယူကရိန်းသမ္မတဗိုလိုဒီမာ ဇယ်လန်စကီး၏ စာမျက်နှာကိုသာလွန်ကာ ကမ္ဘာပေါ်တွင် ဖော်လိုးဝါ (Followers) အများဆုံးစာမျက်နှာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
Facebook ရှိ ၎င်း၏စာမျက်နှာကို ခြောက်လအပိတ်ခံရပြီးနောက် ပြည်သူတို့နှင့်ဆက်သွယ်ရန် Telegram နှင့် TikTok တို့ကို ပြောင်းလဲအသုံးပြုမည်ဟု ဟွန်ဆန်က ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။ ထို့နောက် Facebook ပိတ်မည်ဟုလည်း ကြေညာခဲ့ကာ ယခုနှစ် မေလမှ စတင် ဖွင့်လှစ်ထားသော ၎င်း၏ Telegram ကို စာမျက်နှာက ရက်ပိုင်းအတွင်း ကမ္ဘာပေါ် ဖော်လိုဝါအများဆုံးဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၆ ရက် ကုန်ဆုံးသည်အထိဆိုလျှင် ဝန်ကြီးချုပ် ဟွန်ဆန်၏ Telegram စာမျက်နှာကို ဝင်ရောက်ထားကာကြည့်ရှုသူ Subscribers ပေါင်း ၉၃၄,၈၂၇ ဦးရှိသွားပြီဖြစ်ရာ Subscribers ၉၂၉,၀၀၀ ဦးရှိသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီး၏စာမျက်နှာထက် သာလွန်သွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ၎င်းက ကမ္ဘာပေါ်တွင် Telegram ၌ ဝင်ရောက်ကြည့်ရှုသူအများဆုံး စာမျက်နှာတစ်ခုဖြစ်လာကြောင်းလည်း သိရသည်။ ထို့အတူ ယနေ့ ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် Followers ပေါင်း ၉၄၄၂၆၆ ဖြစ်လာပြီး Followers လုပ်သူ ဆက်တိုက်မြင့်တက်နေသည်။
Ref–Khmer Times