MT News
Written By Thandar
ဆုကြေးငွေ ကျပ် ၄၅ သိန်း ရရှိမဲ့ “So” ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေးသီချင်းပြိုင်ပွဲကြီး”စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
“ဒီပြိုင်ပွဲက ဂီတလောကမှာ တေးရေးနဲ့တေးဆို ဂီတမျိုးဆက်သစ်တွေပေါ်ထွန်းလာစေဖို့ မြေတောင်မြှောက်ပေးဖို့ ရည်ရွယ်ထားတယ်။ တေးရေးပြိုင်ပွဲဆိုတာ ရှားပါတယ်။ ဒီပြိုင်ပွဲရဲ့ထူးခြားချက်အနေနဲ့ အသက်အရွယ်ကန့်သတ်ချက် မရှိဘဲ တေးရေးပြိုင်ပွဲနဲ့ တေးဆိုပြိုင်ပွဲကို တစ်ပြိုင်တည်း မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ ဂီတပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်”လို့ ပြိုင်ပွဲတာဝန်ခံတစ်ဦးက ပြောပါတယ်။
အဆိုပြိုင်ပွဲမှာ Judge အနေနဲ့ တေးရေးဆရာ မြင့်မိုးအောင် ၊ အဆိုတော် ချောစုခင် ၊ တေးရေး တေးဆို ဝေကြီး၊ ဂီတမှူး မောင်မောင်လွင် စသူတွေ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီး Host အနေနဲ့ အောင်ပြည့်ဖြိုးက တင်ဆက်ပေးမှာပါ။
ဒီပြိုင်ပွဲကို Season (1) အဖြစ် စတင်ကျင်းပတာဖြစ်ပြီး တေးရေးပြိုင်ပွဲဝင်တွေက မိမိကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေကို Online ကတစ်ဆင့် Video Clip နဲ့.ကြိုတင်ပေးပို့ပြီး Audition ဝင်ရမှာ ဖြစ်ပါတယ်။
တေးဆိုပြိုင်ပွဲဝင်တွေက Audition အဆင့်မှာ မိမိကြိုက်ရာသီချင်းတွေနဲ့ ပါဝင်သီဆိုယှဉ်ပြိုင်နိုင်ပြီး Walk in လာရောက် ယှဉ်ပြိုင်ကြရမှာပါ။
ပြိုင်ပွဲ Level အဆင့်ဆင့်ထိ ယှဉ်ပြိုင်ပြီးတဲ့အခါ Quarter Final, Semi Final, Grand Final အထိ ဆက်လက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသူတွေကို ဆုချီးမြှင့်မှုပုံစံအနေနဲ့ Grand Final Winner (Songwriter)တေးရေးအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်း၊ Grand Final Winner (Singer)တေးဆိုအတွက် ပထမဆုကို ငွေကျပ် ၄၅ သိန်း အပြင် အခြား ဆုကြီးများစွာပေးအပ်သွားမယ်လို့ သိရပါတယ်။
“So”ကိုယ်ပိုင်သံစဉ်တေးရေး၊ တေးဆို “တေးသီချင်းပြိုင်ပွဲကြီး”ကို ဩဂုတ်လဒုတိယအပတ်မှာ Channel 9 (Free to Air) နဲ့ Sky Net Music Channel တို့က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။