October 18, 2024

၆.၇.၂၀၂၃
Translated by Htwe Ko Tun

ဂျပန်နိုင်ငံတွင် အမြန်လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အလေးချိန် တန် ၁၄၀ ရှိပြီး မီတာ ၆၀ ရှည်သောတံတားယက်မတစ်ခုက ဇူလိုင်လ ၆ ရက် နံနက်တွင် ပြုတ်ကျခဲ့ရာ အလုပ်သမားနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းများအရ သိရသည်။

၎င်းက ရှီဇူအိုကာမြို့အတွင်း ဆီရှင်လမ်းလွဲ၏ မိုးပျံလမ်းအစိတ်အပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ထိုသို့ဖြစ်ပျက်ကြောင်း နံနက် ၃ နာရီ ၁၀ မိနစ်တွင် အကြောင်းကြားချက်ရခဲ့သည်။ တံတား၏ပိုင်တိုင်များတွင် သံမဏိယက်မအား တပ်ဆင်နေစဉ် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၂၀ ဦးနှင့် လုံခြုံရေး ၁၀ ဦးတို့လည်း လုပ်ငန်းခွင်တွင် ရှိနေကြသည်။

တပ်ဆင်နေသော ယက်မပေါ်တွင် အလုပ်သမားရှစ်ဦးရှိနေကြပြီး ၎င်းတို့က ၉ မီတာအမြင့်မှ မြေပြင်သို့ ပြုတ်ကျခဲ့ကြခြင်းဖြစ်သည်။ အသက် ၅၀ ကျော်အရွယ်စီရှိသော အလုပ်သမားနှစ်ဦးမှာသေဆုံးခဲ့ပြီး နှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဖြစ်ရပ်တွင် ဖြတ်သန်းသွားလာနေသော လမ်းလျှောက်ခရီးသွား(သို့မဟုတ်) မော်တော်ယာဉ်များလည်း ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမရှိခဲ့ဟု သိရသည်။

Ref—Asahi Shimbun

Leave a Reply

Your email address will not be published. Required fields are marked *