October 18, 2024

၆.၇.၂၀၂၃
Written by Nay Moe

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ သရက်တောရွာမှ ရာအိမ်မှူး ဦးမြင့်ဦးကို ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်၌ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့ (အုတ်ဖို) က သေနတ်ဖြင့် အနီးကပ် (၄)ချက် ပစ်ခတ်သ-တ်ဖြတ်ခဲ့သည်။

သာယာဝတီ မြေအောက် PDF များက ဦးမြင့်ဦးကို “ပျူစောထီးခေါင်းဆောင် ဖားမြင့်ဦး”ဟု သုံးနှုန်းပြီး တရားမဝင် လောင်း ကစားဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များ၊ အရက်ဆိုင်များ၊ သစ်‌မှောင်ခိုသမားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ စိုက်ဘဏ်ချေးငွေ၊ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများကို ၎င်းဦးဆောင်၍ ပြည်သူများထံမှ အတင်းအကြပ် ခြိမ်းခြောက်တောင်း ခံခြင်း၊ နစကအတွက် လိုအပ်လျှင် အသက်ပေး၍ ကာကွယ်သွားမည်ဟုကြွေးကြော်၍ ၎င်း၏မိသားစုနှင့် ဆွေမျိုးအသိုင်း အဝိုင်းများကိုလည်း အင်အားစုဆောင်းပေးနေခြင်း၊ နယ်ထိန်းဇော်ထွန်းဦးအားကိုးဖြင့် ပြည်သူလူထုကို ဖိနှိပ်အနိုင်ကျင့် ဒုက္ခပေးခြင်းများကို ကျူးလွန်နေခြင်းများကြောင့် သ-တ်ဖြတ်သည်ဟုလည်း စွပ်စွဲထားသည်။

သာယာဝတီ PDF စွပ်စွဲသည့်အချက်များ မှန်ကန်မှု ရှိ မရှိ MT News သတင်းဌာနအနေဖြင့် အတည်မပြုနိုင်ပါ။ လက်ရှိအချိန်တွင် PDF များ ပစ်ခတ်သ-တ်ဖြတ်ခံရသည့် ဦးမြင့်ဦး (၆၂ နှစ်) မှာ ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာများ၊ ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ကြောင်းလည်း စုံစမ်းသိရသည်။

၂၀၂၁ အာဏာအကျပ်အတည်းပြီးချိန်မှစ၍ PDF များက ပြည်သူလူထုကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ” ဆိုသော ခေါင်းစဥ်ဖြင့် စွပ်စွဲသ-တ်ဖြတ်ထားသည့် ဝန်ထမ်း၊ ပြည်သူ ၆၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ခန့်လည်း သ-တ်ဖြတ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *