October 18, 2024

◾️ Meta ကုမ္ပဏီက Twitter နှင့်အလားသဏ္ဍာန်တူသော Threads အက်ပလီကေးရှင်းကို အွန်လိုင်း၌မိတ်ဆက်

၆.၇.၂၀၂၃
Translated by Htwe Ko Tun

လွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ ကမ္ဘာကျော်လူမှုကွန်ရက်နှစ်ခုရဲ့ပိုင်ရှင် ဘီလျံနာတွေဖြစ်တဲ့ Facebook လူမှုကွန် ရက်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ပိုင်ရှင် မာ့က်ဇူကာဘာ့ဂ်နဲ့ Twitter လူမှုကွန်ရက်ပိုင်ရှင် အီလွန်မတ်စ်တို့နှစ်ဦးက ကမ္ဘာကျော်နပန်းသမားတွေလို လှောင်အိမ်အတွင်းထိုးသတ်ကြမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် ဟုတ်တာ မဟုတ်တာ အပထား၊ လူမှုကွန်ရက်မှာ ဖတ်ရှုသူတွေရော၊ ကမ္ဘာတစ်ဝန်းလုံးပါ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရပါသေးတယ်။

အဆိုပါသတင်းထွက်လာလို့ သိပ်မကြာခင်မှာဘဲ အပြင်လှောင်အိမ်အတွင်း တကယ်ပဲထိုးမထိုး အသာထား၊ အီလွန်မတ်စ်ရဲ့ Twitter နဲ့ဆင်တူတဲ့ Threasds လို့ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို Meta က စတင်မိတ်ဆက်တော့မယ်လို့ ကြေညာကာ ဇူလိုင်လ ၆ ရက်မှာစတင် Download လုပ်နိုင်ပါပြီလို့ Meta ဘက်ကပြောခဲ့တာဟာ သူတို့နှစ်ဦးကြား အွန်လိုင်းပေါ်ကထိုးသတ်ပွဲကိုတော့ စတင်လိုက်ပြီလို့ ဆိုရတော့မှာပါ။

ဇူလိုင်လ ၅ ရက် ညမှာပဲ Twitter ရဲ့ ကိုယ်ပွားလို့တောင်ဆိုထားတဲ့ Threads ကို လွှင့်တင်လိုက်ပြီး တစ်ချိန်ထဲမှာ ဇူကာဘာ့ဂ်က Threads အက်ပလီကေးရှင်းမှာ “ဒါကို Download လုပ်ကြပါ။ Threads ကို ကြိုဆိုကြပါ” လို့ရေးခဲ့ပါတယ်။ ဒါကတော့ အွန်လိုင်းကထိုးသတ်ပွဲမှာ ဇူကာဘာ့ဂ်က စတင်ထိုးသွင်းလိုက်ခြင်းလို့ ပြောရမှာပါ။

အကဲဖြတ်လေ့လာသူတွေကလည်း Threads လို့ခေါ်တဲ့ အက်ပလီကေးရှင်းအသစ်က Instagram ရဲ့ အခွဲတစ်ခုအနေနဲ့ ဖန်တီးထားခြင်းက အသုံးပြုဖို့ ပိုပြီးစိတ်အားထက်သန်စေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း Instagram မှာ ဖော်လိုး(Follow) လုပ်ထားသူတွေကို Threads မှာလဲ အသုံးပြုသူတွေက ဆက်ပြီး ဖော်လိုးလုပ်နိုင်မှာပါ။ ဒီမှာ Twitter မှာရှိတဲ့ ကြော်ငြာတွေကို Threads ကို ရောက်လာစေနိုင်ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ Twitter အဖို့ ပိုလို့ အခြေအနေဆိုးစေနိုင်တယ်လို့တောင် ဆိုကြပါတယ်။ Instagram ရဲ့ လစဉ်ပုံမှန်အသုံးပြုသူ နှစ်ဘီလျံကျော်ကလည်း Threads ရဲ့အခြေခံ အင်အားတွေဖြစ်လာတော့မှာပါ။

ဗြိတိန်က ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်းလုပ်ငန်း AJ Bell ရဲ့ ငွေကြေးဆိုင်ရာအကဲဖြတ် အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒန်နီ ဟူဆန်ကတော့ Threads အနေနဲ့ တကယ်တမ်း Twitter ကို အွန်လိုင်းမှာနှိမ်နင်းနိုင်မယ့် Twitter-Killer အက်ပလီကေးရှင်းတစ်ခုလောက်အထိဖြစ်လာဖို့တော့ အလားအလာ သိပ်မရှိပါဘူးလို့ ဆိုပြန်ပါတယ်။

ဘာပဲပြောပြော အပြင်မှာထိုးသတ်ဖို့လည်း စိန်ခေါ်ထားတဲ့ ဘီလျံနာနှစ်ဦးရဲ့ အွန်လိုင်းပေါ်က ထိုးသတ်ပွဲကို စိတ်ဝင်တစားဆက်ကြည့်ရမှာဖြစ်သလို Threads က Twitter ကို အလဲထိုးသွားမလားဆိုတာကိုတော့….။
Ref—–inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *