October 18, 2024

ဓာတ်ပုံ- Ambulance Free Services Group

၆. ၇ .၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ယာဥ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့တယ်လို့ Ambulance Free Services Group မှ ဦးလှိုင်ဝင်းက MT News ကို ပြောပါတယ်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့်မှာ မိန်းလမ်းကနေမောင်းလာတဲ့ မြေကြီးသယ်ယာဥ်က လမ်းဖြတ်ကနေ ထွက်လာတဲ့ Light Truck ယာဥ်ကို တိုက်လိုက်တာဖြစ်ပါတယ်။ တိုက်မိတဲ့ဖြစ်စဥ်ကြောင့် Light Truck ယာဥ် လွင့်ထွက်တိမ်းမှောက်ခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသား ၇ ဦးအနက် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဦးခေါင်းထိခိုက် စိုးရိမ်ရ ဒဏ်ရာရရှိသူ ၄ ဦးနဲ့ မစိုးရိမ်ရတဲ့ သွေးထွက်ဒဏ်ရာရရှိသူ ၂ ဦးကို 5B ပရဟိတအဖွဲ့ သူနာတင်ယာဥ်နဲ့ စံပြဆေးရုံကြီးအရေးပေါ်ကုသရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *