October 18, 2024

၆. ၇. ၂၀၂၃

Written by Nay Aung

ဗီယက်နမ် အခြေစိုက် Viettel စီးပွားရေးလုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Mytel သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်း Operatorများထဲတွင်ဝန်ဆောင်မှုအရည်သွေးပိုင်းနှင့် ဈေးကွက်ရှယ်ယာရရှိမှုပိုင်းများတွင် ဦးဆောင် Operatorအဖြစ် ရပ်တည်လျက်ရှိနေကြောင်း The Star သတင်းဌာနက ဖော်ပြမှုအရ သိရသည်။

Mytel သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ပြီးနောက် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလျံရရှိခဲ့ပြီး မိုလ်ဘိုင်း ဝန်ဆောင်မှုဈေးကွက်တွင် Customers ၁၃ သန်းကျော်ရှိနေသည်။ Mytel သည် မြန်မာနိုင်ငံတွင် 4G Coverage ကွန်ရက်ဖြင့် Operator အဖြစ်လုပ်ကိုင်နေပြီး လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးအတွက် 4G ကွန်ရက် လွှမ်းခြုံမှုရှိနေသည်ဟု ဆိုသည်။

Mytelသည် မြန်မာနိုင်ငံဆိုင်ဘာလုံခြုံရေး၊ ဒစ်ဂျယ်တယ် Content၊ ဒစ်ဂျစ်တယ် Solutions၊ Digital Infrastructure နှင့် ဒစ်ဂျစ်တယ်ငွေကြေးများ အပါအဝင် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ် Ecosystem ကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် Mytel သည် မြန်မာနိုင်ငံတဝှမ်းရှိ စာသင် ကျောင်းပေါင်း ၆၃၀ ကျော်အတွက်လည်း Fiber-optic Internet တပ်ဆင်နိုင်ရန် စပွန်ဆာပေးထားကြောင်းသိရသည်။

Mytel ၏ ဒါရိုက်တာတစ်ဦးဖြစ်သော Nguyen Tien Dung က” ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့တာ ၆ နှစ်ထဲကိုရောက်ရှိလာပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအကျိုးစီးပွား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ပြည်သူတွေကို ကူညီပေးမှုတွေ ဆက်လက်လုပ်ကိုင်နေပါတယ်။ ” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဗီယက်နမ်အခြေစိုက် စီးပွားရေးလုပ်ငန်းစုဖြစ်သော Viettel ရင်းနှီးမြှုပ်နှံနေသည့်ဈေးကွက်အားလုံးထဲတွင် လူဦးရေအများဆုံးဈေးကွက်တစ်ခုဖြစ်ကြောင်း သိရသည်။ Mytelသည် ၂၀၁၉ ခုနှစ်သြဂုတ်လက မြန်မာနိုင်ငံတွင် 5G Technology နည်းပညာပိုင်းလုပ်ဆောင်ခဲ့သော ပထမဆုံးမိုလ်ဘိုင်းဆက်သွယ်ရေးအော်ပရေတာဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အာဏာ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေးကုမ္မဏီ တယ်လီနောနှင့် ကာတာအခြေစိုက် အော်ရီဒူးသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပါဝင်လုပ်ကိုင်ခြင်းကို ပြီးခဲ့သောနှစ်တွင် ပြန်ရုတ်သိမ်းသွားခဲ့သော်လည်း Viettel စီးပွားရေးလုပ်ငန်းစုသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေခြင်းကို ရုတ်သိမ်းခြင်းမရှိဘဲ လုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

Ref – thestar

Leave a Reply

Your email address will not be published. Required fields are marked *