MT News
Written By Thandar
သက်ကြီးဝါရင့် အနုပညာရှင်၂၁ ဦးကို မှော်ဘီမြို့ရဲ့ နာမည်ကြီးဂျပန်ဘုရားကျောင်းက အောင်ဇမ္ဗူဆရာတော်က ဆန်၊ ဆီနဲ့ စားဖွယ်စုံပေးအပ်လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင် အကယ်ဒမီအောင်ခိုင်က MT News ကို ပြောပါတယ်။
“တကယ်တော့ အောင်ဇမ္ဗူဆရာတော်ဘုရားကြီးက ဦးအောင်ခိုင်တို့ နှစ်ယောက်ကို လှူဖို့တာဝန်ပေးတာပါ။ ဆရာတော်ရဲ့အာရုံထဲပေါ်လာတဲ့ အနုပညာရှင်ကြီးတွေကို အလှူလေးလုပ်ချင်တယ်။ ကူညီပေးဆိုလို့ ဆရာတော်ကြီး မိန့်တဲ့နာမည်တွေရော၊ နောက်ထပ် ဦးအောင်ခိုင်တို့ ဖြည့်စွက်ပြီး တကယ့်ကို နွမ်းပါးတဲ့ သက်ကြီး ပညာရှင်တွေကို လှူဖြစ်တယ်။ ကျွန်တော်၂၁ ယောက်စာ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့ ကြားထဲက လှူပေးရလို့လည်း ပီတိဖြစ်ရပါတယ်။ တကယ်လည်း လိုအပ်နေတဲ့အတွက်လေ။ ဝမ်းသာပီတိဖြစ်ပါတယ်။ဆရာတော်ကြီးကိုလည်း သက်ကြီးအနုပညာရှင်တွေကလည်း မေတ္တာပို့ပြီ ဝမ်းသာနေကြပါတယ်။ ဆရာတော်ဘုရားလည်း ကျန်းမာအသက်ရှည်ပါစေဆုတောင်းပါတယ် ”လို့ အကယ်ဒမီအောင်ခိုင်က ပြောပါတယ်။
အဆိုပါ လှူဒါန်းမှူမှာတော့ သက်ကြီးဝါရင့် အနုပညာရှင်တွေက လူရွှင်တော်တွေနဲ့ ကိုလူချောအဖွဲ့အနေနဲ့ ဦးမိုးဒီ၊ ဦးပေါ်လေး၊ ဦးတိမ်ညွှန့် ၊ ဦးစံမိုး၊ ဦးရွှေဂဲ၊ ဦးရာကျော်၊ သခင်ကြီး ဦးစံမြင့်၊ ဦးဇော်မှိုင်း၊ ဦးအောင်မြတ်၊ ဦးမြမောင်၊ ဦးအောင်စည် တို့အပြင် အမျိုးသမီးအနုပညာရှင် ၁၀ ဦးအနေနဲ့ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်ခင်လေးဆွေ၊ ဒေါ်ချိုပြုံး၊ ဒေါ်မြတ်မွန်၊ ဒေါ်ပုလဲ၊ ဒေါ်စန်းစန်းဝင်း၊ ဒေါ်ဖြိုး၊ ဒေါ် တူး၊ ဒေါ်လုံးတင်တို့ကို အောင်ဇမ္ဗူဆရာတော်ကိုယ်စား သရုပ်ဆောင်အောင်ခိုင်က လှူဖွယ်ပစ္စည်းအနေနဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ ကြာဆံ ၊ ဆပ်ပြာဆီ စတာတွေကို လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။