MT News
Written by Min Mahar
ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှင့် လည်ပင်းလှီးဖြတ်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသော အမည်မသိအမျိုးသားတစ်ဦး၏အလောင်းအား နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် မနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာအနီးရှိ နွားထိုးကြီးမြို့မှ မလှိုင်မြို့သို့သွားသောကားလမ်းဘေး(လမ်း၏ယာဘက်ခြမ်း)တွင် အသက် ၄၀ အရွယ်ခန့်ရှိ အင်္ကျီအသားရောင်နှင့်ပုဆိုးအနက်ကွက်စိပ်ဝတ်ထားသည့် အမည်မသိအမျိုးသားတစ်ဦးအား လည်ပင်းလှီးဖြတ်ဒဏ်ရာ ၁ ချက်နှင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့်သေဆုံးနေသော ရုပ်အလောင်းအား ဒေသခံများမှတွေ့ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးမှုကြောင့် သွားရောက်စစ်ဆေးခဲ့ပြီး ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို ယခုထိ မသိရှိသေးကြောင်းနှင့် သတ်သွားသည့်တရားခံအား ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့များမှ လိုက်လံစုံစမ်းနေကာ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သူတစ်ဦးပြောပြချက်အရ သိရသည်။