MT News
Written by Thettant
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကူဝိတ်နိုင်ငံဝန်ကြီး ချုပ် His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah နှင့် ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသည်။
ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံမှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကူဝိတ်နိုင်ငံသည် နစကအစိုးရနှင့် ချစ်ကြည်သောဆက်ဆံရေးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H. E. Mr. Mubarak M A Aladwani သည် နစကဥက္ကဋ္ဌထံ သံအမတ်ခန့်အပ်လွှာ လာရောက်ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။