MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ဇေကမ္ဘာ(၉)လမ်းရှိ တရုတ်လူမျိုးပိုင် GGA (Great Glowing Garment) အထည်ချုပ်စက်ရုံ ဇူလိုင် ၄ ရက် ညနေ ၆နာရီ ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
မီးလာင်ကျွမ်းမှုအဆင့် Level 2 ယာဉ်အုပ်စုအထိ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၆ နာရီ ၅၀ မိနစ် အချိန်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၇ နာရီ ၄၀ အချိန်အထိ ကြွင်းကျန်မီးကို ငြိမ်းသက်နေဆဲဖြစ်ပြီး တာဝန်ရှိသူ မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု တချို့ရှိခဲ့တယ်လို့ ရွှေရုပ်လွှာ ပရဟိတ အသင်းက သိရပါတယ်။
အထည်အလိပ်သိုလှောင်ရာ ဂိုထောင်တွေပါ ကူးစက်လောင်ကျွမ်းခဲ့တာကြောင့် မီးခိုးများတဲ့အတွက် ရှေ့တန်းက ဝင်ရောက်ငြှိမ်းသတ်သူ မီးသတ်တပ်ဖွဲ့ဝင်တွေ အောက်စီဂျင်ပြတ်တောက်တာ ရင်ကြပ် အသက်ရှုမဝတဲ့ ဝေဒနာတွေ ခံစားခဲ့ရပြီး ပရဟိတ အသင်းတွေက အချိန်နဲ့တစ်ပြေးညီ ဆေးဝါးအထောက်အပံ့တွေ မြေပြင်ကူညီကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ် ။
အခု မီးလောင်ကျွမ်းသွားတဲ့ GGG အထည်ချုပ်စက်ရုံဟာ CRIVIT တံဆိပ်နဲ့ အခြား Brands တွေ ချုပ်လုပ်တာ ဖြစ်ပြီး စက်ရုံအလုပ်သမား ဝန်ထမ်းဦးရေ ၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။