MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်း၊ ဥက္ကလာပဂေါက်ကွင်းရှေ့မှာ မော်တော်ယာဥ်တစ်စီး သစ်ပင်ကို ဝင်တိုက်မိပြီး လူ ညပ်မိကာ ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင် ၄ ရက် ညနေ ၅ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ISUZU ELF အမျိုးအစား မော်တော်ယာဉ်က မောင်းနှင်နေချိန် စလစ်ဖြစ်ပြီး သစ်ပင်ကိုဝင်ရောက်တိုက်မိတာကြောင့် ခေါင်းခန်းမှာ ယာဉ်မောင်း(ကျား)ညပ်နေတယ်လို့ ပြည်သူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းအကြားတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ဦးဆောင်ပြီး သွားရောက်ကူညီခဲ့ပြီး အောင်မြင်စွာကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ (မစိုးရိမ်ရ)ကို မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။