October 22, 2024

မူးယစ်ဆေးဝါး ICE တစ်တန်ကျော်နှင့် ဖမ်းဆီးရမိသူနှစ်ဦးကို တွေ့ရစဥ် (Photo-CCDAC Myanmar)

MT News

Written by Thettant

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၃ ဘီလျံကျော်တန်ဖိုးရှိ ICE (Methamphetamine) ၁ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလိဘက်မှ မိုင်းပျဉ်းဘက်သို့ စိုင်းဖြိုးဝေသန့်(ခ)အိုက်လျန်း မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် UD TRUCKS ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ICE (Methamphetamine) ၁ ဒသမ ၀၉၆ တန် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ ICE (Methamphetamine) များအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *