၂၄. ၁၀. ၂၀၂၂
Written by Nay Moe
နန်းထိုက်အောင်စစ်ဆင်ရေးဟုဆိုကာ လှည်းကူးအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ၁၁ ချက် ပစ်သတ်ခဲ့သည်ဟု ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ကြေညာသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအား ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃၆၀၁)၊ တပ်ခွဲ(၁) ရိုးမရာဇာအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လှည်းကူးရွာအတွင်း၌ သေနတ်ဖြင့် ၁၁ ချက်ပစ်ကာ သတ်ဖြတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် SAC ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေးမှူးများတာဝန်မှ အမြန်ဆုံးနှုတ်ထွက်ပြီး တော်လှန်ရေးတွင်ပူးပေါင်းပါဝင်ကြရန် နှင့် မပါဝင်ပါက အုပ်ချုပ်ရေးမှူးများအား ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။