MT News
Written By Thandar
Mahar Myanmar Beauty Pageant & Miracle Myanmar Model Agency တို့က ကြီးမှူးကျင်းပတဲ့ Mister & Miss & Mrs City Winner ရွေးချယ်ပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် MMPO Cinema မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့က Mister & Miss & Mrs City Winner ရွေးချယ်ပွဲအနေနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပွဲအနေနဲ့ အပျို၊လူပျိုများသာမက အိမ်ထောင်ရှင်အလှမယ် ကလေးသူငယ်တွေကအစ ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ အိမ်ထောင်ရှင် အလှမယ်တွေကို ဘာလို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားလဲဆိုတော့ အိမ်ထောင်ကျသွားချိန် အိမ်ထောင့်တာဝန်တစ်ခုထဲ မဟုတ်ဘဲနဲ့ အပျိုများတန်းတူ လှပနိုင်စွမ်းရှိတယ်။ လုပ်ကိုင်နိုင်စွမ်းရှိတာကို ကျွန်တော်တို့က ထုတ်ဖော်ပြသခွင့်အခွင့်အရေးပေးထားပါတယ်”လို့ Mahar Myanmar Beauty Pageant & Miracle Myanmar Model Agency Founder ကိုဝေလျှံဝိုင်းက ပြောပါတယ်။
အဆိုပါပြိုင်ပွဲအတွက် Facebook Page ကနေ တရားဝင် လျှောက်လွှာခေါ်ယူခဲ့ရာမှာ ၁၀၄ ဦး ပါဝင်ခဲ့ပြီး ပထမအဆင့် အယောက် ၈၀ ကို Online Interview ရွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲက ပြိုင်ပွဲဝင် Mister ၆ယောက်၊ Miss ၉ ယောက်နဲ့ Mrs. ၉ ယောက် စုစုပေါင်း ၂၅ ယောက်ကို ရွေးချယ်ခဲ့ပြီး လက်ရှိပွဲမှာ ၁၀ ယောက် ထပ်မံရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Winner Crown ရရှိသူတွေကတော့ Originazation နဲ့ လက်တွဲပြီး အနုပညာကြေးနဲ့ ဇာတ်လမ်းတို ရိုက်ကူးခွင့် ၊ Originazation နဲ့လက်တွဲထားတဲ့ မိတ်ဖက်ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာ ရိုက်ကူးခွင့်ရရှိမှာဖြစ်ပါတယ်။
ထူးချွန်သူတွေကို Originazation မှာ လစာနဲ့ အလုပ်ခန့်အပ်ပေးမှာဖြစ်သလို Grand Final ပြိုင်ပွဲကိုလည်း လာမယ့် ဩဂုတ်လကုန်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။