၃. ၇. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဘောလ်တီမိုးမြို့တွင် ပါတီပွဲတစ်ခုကျင်းပနေစဉ်အတွင်း လူအစုလိုက်အပြုံ လိုက်ပစ်ခတ်မှုတစ်ရပ် ဇူလိုင်လ ၂ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ဇုလိုင်လ ၂ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းပွဲ၌ ဘောလ်တီမိုးမြို့ ရဲမှူးကြီး ရစ်ချတ် ဝေါလီက ဖြစ်ရပ်၌ သေဆုံးနှင့်ဒဏ်ရာရသူအယောက် ၃၀ စလုံးတွင် ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြပြီး ၎င်းတို့က အသက်အားဖြင့် ၁၃ နှစ်မှ ၃၂ နှစ်အကြားတွင်ရှိကြကြောင်း၊ ၁၅ ဦးက အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
သေဆုံးသူနှစ်ဦးမှာ အသက် ၁၈ နှစ်ရှိ အာလီရာ ဂွန်ဇာလီ နှင့် အသက် ၂၀ နှစ်အရွယ် ကီလီးစ် ဖက်ဘာမီတို့ ဖြစ်ကြပြီး ဒဏ်ရာရသူ ၂၈ ဦးမှာ ပါတီပွဲကျင်းပနေစဉ် အနည်းဆုံးလူနှစ်ဦးက ပစ်ခတ်မှုများကိုပြုလုပ်ခဲ့ခြင်းဟုဆိုကြသည်။ သို့သော်အာဏာပိုင်များကမူ သေနတ်သမားက နှစ်ဦးထက်ပို၍ ရှိကောင်းရှိနိုင်မည်လော စုံစမ်းဆဲဖြစ်သည်ဟု ပြောခဲ့ကြသည်။ သို့သော်ပစ်ခတ်မှုဖြစ်ပွားရခြင်း၏ ဖြစ်နိုင်ဖွယ်အကြောင်းရင်းကိုမူ အာဏာပိုင်များက ပြောကြားခြင်းမပြုခဲ့ကြပေ။
ဒဏ်ရာရသူများတွင်လည်း သုံးဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှုနှင့်ဆက်စပ်နေသော ဗီဒီယိုတစ်စုံတစ်ရာရှိခဲ့ပါက ရဲတပ်ဖွဲ့အားပေးကြရန် မြို့သူမြို့သားများအား မေတ္တာရပ်ခံထားသည်။
Ref—-CNN
ပုံစာ။ ဘောလ်တီမိုးမြို့တွင် ပါတီပွဲတစ်ခုကျင်းပနေစဉ်အတွင်း လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာကို တွေ့ရစဉ်။