၃. ၇. ၂၀၂၃
Written By Thandar
၂၀၂၃ ခုနှစ် မတ်လအတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက် Face of Beauty International 2023 ပြိုင်ပွဲကြီးမှာ Main Winner (Face of Beauty International 2023) ဆုကိုပါ ထပ်မံပြောင်းလဲရွေးချယ်ခံခဲ့ရလို့ ဂုဏ်ယူတယ်လို့ Kendra Erika က MT News ကို ပြောပါတယ်။
ဒီပြိုင်ပွဲကြီးမှာ Main Winner ကို ဘရာဇီးနိုင်ငံက Caroline နဲ့ Teen Winner ကိုတော့ မြန်မာအလှမယ် Kendra Erika တို့ ဆွတ်ခူးရရှိခဲ့ကြပါတယ်။
“အခုလို ရွေးချယ်ခံရလို့လည်း မြန်မာနိုင်ငံကိုယ်စားပြုမို့ ဂုဏ်ယူပါတယ်။ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ဒီပြိုင်ပွဲမသွားခင်ကတည်းက Hundred Percent အကောင်းဆုံးပြင်ဆင်ခဲ့တယ်။ဒါကြောင့် ပြိုင်ပွဲမှာ Results ကောင်းမယ်လို့ မျှော်လင့်ခဲ့တယ်။ ပွဲတုန်းကတော့ ပထမဆုံး Teen Winner ရခဲ့တယ်။ နောက် Best in National Costume Winner ရခဲ့တယ်။ ခုချိန်မှာတော့ Main Winner အနေနဲ့ လွှဲပြောင်းပေးလို့လည်း ပျော်ရပါတယ်။ နောက်နှစ် ဒီပြိုင်ပွဲကြီးသွားရင် ညီမရထားတဲ့ Main Winner နဲ့ Teen Winner ဆုတွေကို တခြားတက်လာမယ့် အလှမယ်ဆီ လွှဲပြောင်းရပါမယ်”လို့ Kendra Erika က MT News ကိုပြောပါတယ်။
လက်ရှိမှာ အခြေအနေအမျိုးမျိုးကြောင့် Teen Winner ရရှိခဲ့တဲ့ မြန်မာအလှမယ် ” Kendra Erika ” ကို Main Winner (Face of Beauty International 2023) အဖြစ် ပြောင်းလဲရွေးချယ်တယ်လို့ Facebook Page က တရားဝင် အသိပေးလိုက်တာကြောင့် မြန်မာအလှမယ် ” Kendra Erika @ ခိုင်ဇာသန့် ” က Face of Beauty International 2023 Winner ဆုရှင်တစ်ဦး ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
“ညီမ Main Winner တစ်ယောက်ဖြစ်သွားလို့ ရှေ့လျှောက် အလုပ်တွေ တွဲဖက်လုပ်ဆောင်ရမယ်။ စာချုပ်လည်းရှိတယ်။ သူတို့ Face of Beauty International က Charity Base Organization ဖြစ်တဲ့အတွက် သူတို့ Charity အပေါ်မှာ ညီမက ပါဝင်ဦးဆောင်ပေးရမှာပါ။ တခြားနိုင်ငံတွေကို သွားပြီးတော့လည်း Charity လုပ်ဆောင်ရမှာပါ။ အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမှာပါ”လို့ သူမက ဆက်ပြောပါတယ်။
သူမဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ Face of Beauty International 2023 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် Kendra Erika က Best in National Costume Winner ဆုကို ဆွတ်ခူးရရှိခဲ့သလို အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသမီးလေးတစ်ယောက်ရဲ့ ပြင်ဆင်မှုတွေ၊ ကြိုးစားမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကြောင့်မို Teen Face of Beauty International 2023 Winner ဆု (Teen Crown) ကြီးကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပြီး လက်ရှိမှာ Main Winner ဆုကိုပါ ထပ်မံရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။